ဥတ္တရသီရိ အောက်တိုဘာ ၂၁

 

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဥတ္တရသီရိမြို့နယ်အတွင်း သီးနှံများ တစ်နှစ်သုံးသီး စိုက်ပျိုးနိုင်ရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် ထွက်ရှိလာသော စိုက်ပျိုးသီးနှံထွက်ကုန်များ ပိုးသတ်ဆေး ဓာတ်ကြွင်းကင်းစင်ရေး နည်းပညာပေးဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက တောင်ညိုကျေးရွာအုပ်စု မရမ်းခုံကျေးရွာ စိုက်ပျိုးစီးပွား အသိပညာပေး စင်တာ၌ ကျင်းပသည်။

 

ဦးစွာ စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြား‌ရေးမှူးချုပ်(နည်းပညာ) ဦးမျိုးဇော်က နည်းပညာပေး ဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး သက်ဆိုင်ရာ ဘာသာရပ်ဆိုင်ရာ ပညာရှင်များဖြစ်ကြသည့် ဒေါက်တာဝင်းသန်းနှင့် အဖွဲ့များက တစ်နှစ်သုံးသီး စိုက်ပျိုးနိုင်သော သီးနှံပုံစံများ ရွေးချယ်စိုက်ပျိုးနိုင်ရေး၊ မျိုးကောင်းမျိုးသန့်များ‌ စိုက်ပျိုးရေး၊ မြေဆီလွှာစီမံခန့်ခွဲရေး၊ သဘာဝ မြေဩဇာကို တောင်သူများ ကိုယ်တိုင်ပြုလုပ် သုံးစွဲရေးနှင့် ဓာတ်မြေ ဩဇာများ အကျိုးရှိစွာ အသုံးပြုရေး၊ သီးနှံဖျက်ပိုးများအား ဘက်စုံ ကာကွယ်ရေးနည်းလမ်းများ အသုံးပြု၍ ကာကွယ်နှိမ်နင်းရေး၊ ပိုးသတ်ဆေးများအား စနစ်တကျ သုံးစွဲရေးတို့ကို နည်းပညာပေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။   

 

အောင်မျိုးဝင်း(ဥတ္တရ)