ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာ မှန်ပြတောင်ဘုရားအတက်လမ်း ပေ ၄၃၀၀ ကွန်ကရစ် ခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

နေပြည်တော်၊ မတ် ၃၁  
နယ်စပ်‌ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်  နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် ၂၇၂ ဒသမ ၃၈၀ သန်းဖြင့် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာ မှန်ပြတောင်ဘုရား အတက်လမ်း ပေ ၄၃၀၀ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းနှင့် ၅ ပေ Box Culvert ၃ စင်း တည်ဆောက်ခြင်းလုပ်ငန်းများ ယနေ့တွင်  ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း  သိရသည်။
အဆိုပါလမ်း ဆောင်ရွက်ပေးနိုင်ခဲ့မှုကြောင့်  မိုင်းနားကျေးရွာရှိ အိမ်ခြေ ၁၃၅၆၊ အိမ်ထောင်စု ၁၂၀၂ ၊ လူဦးရေ ၆၃၄၆ ဦးတို့အတွက် အခြေခံလူမှုစီးပွားဘဝများ ပိုမိုတိုးတက်လာသည့်အပြင်  ကချင်ပြည်နယ်အတွင်းရှိ သဘာဝအခြေခံခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကို များစွာ အထောက်အကူပြုသည့် လုပ်ငန်းဖြစ်သည့်အတွက် ကျေးလက်နေ ပြည်သူများအနေဖြင့် များစွာ ဝမ်းမြောက်ဂုဏ်ယူလျက်ရှိကြောင်း၊ ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုခွင့်ပြုရန်ပုံ ငွေကျပ် ၅၄၈၈ ဒသမ ၈၈၂ သန်းဖြင့် ကချင်ပြည်နယ်အတွင်း လမ်း/တံတား လုပ်ငန်း၊ ရေရရှိရေးလုပ်ငန်း၊ လျှပ်စစ်ဓာတ်အားလုပ်ငန်း၊ သာသနာရေးလုပ်ငန်း နှင့် တန်ဖိုးနည်း ဝန်ထမ်းအိမ်ရာများကို အကောင်အထည်ဖော်ဆောင်ရွက် ပေးနိုင်ခဲ့ကြောင်း
သိရသည်။ 
သတင်းစဉ်