ဝါးခယ်မ ၂၁ ဧပြီ

 

ဝါးခယ်မမြို့နယ်တွင် ၂၀၁၈ - ၂၀၁၉ ပညာသင်နှစ် ပထမတန်းမှ နဝမတန်းအထိ အခြေခံပညာကျောင်းတွင်းစစ် စာမေးပွဲ အောင်စာရင်းများကို အခြေခံပညာကျောင်း အသီးသီး၌ ယနေ့ နံနက် အစောပိုင်းမှ စတင်ကာ ထုတ်ပြန်ကြေညာခဲ့သည်။

 

20190

 

ယင်းသို့ စာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်ကြေညာမှုကို သက်ဆိုင်ရာ အခြေခံပညာကျောင်း အသီးသီးမှ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများက လာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။

 

201904

 

မြို့နယ်အတွင်း အခြေခံပညာကျောင်းများ၏ အစိုးရစစ်ဖြစ်သော စတုတ္တတန်းနဲ့ အဌမတန်း အတန်းတင် စာမေးပွဲကို ၂၀၁၉ ခုနှစ် မတ်လ ၁၈ ရက်နေ့မှ ၂၅ ရက်ထိဖြေဆိုခဲ့ကြပြီး ကျန်ရှိသော အတန်းများ၏ သက်ဆိုင်ရာ စာမေးပွဲ များကို ဘာသာရပ်အလိုက် သတ်မှတ်ရက်များမှာဖြေဆိုခဲ့ကြကြောင်း သိရသည်။

 

လွှမ်းသီဟ  (ဝါးခယ်မ)