ဝါးခယ်မ ၂၅ မတ်
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ပတ္တမြားရပ်ကွက်ရှိ ဧရာရွှေဝါ စက်သုံးဆီ အရောင်းဆိုင်တွင် မတ် ၂၄ ရက် ညနေ ၄ နာရီက မီးလန့်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ စက်သုံးဆီ အရောင်းဆိုင်၌ သင်္ဘောပေါ်မှ သိုလှောင်ရုံအတွင်းသို့ ပရီမီယံဒီဇယ်များအား ဆီထည့်သွင်း သိုလှောင်စဉ် မီးလန့်မှု ဖြစ်ပွားခဲ့ရာ အသင့်တပ်ဆင် အသုံးပြုထားသော automatic fire ball ကြောင့် မီးအဖြစ်သို့ ကူးပြောင်းခြင်းမရှိပဲ မီးခိုးများထွက်ကာ မီးလန့်ခဲ့ခြင်းဖြစ်သည်။
ဖြစ်စဉ်တွင် လူနှင့် တိရိစ္ဆာန်များ ထိခိုက်မှုမရှိကြောင်းနှင့် အဆိုပါ မီးလန့်မှုကြောင့် ဆုံးရှုံးမှု မရှိကြောင်း မြို့နယ် မီးသတ်ဦးစီးဌာန ဒုတိယ မီးသတ်ဦးစီးမှူး ဦးလှိုင်ထွန်း၏ ပြောကြားချက်အရ သိရသည်။
လွှမ်းသီဟ (ပြန်/ဆက်)


