ရန်ကုန် ဩဂုတ် ၅
နိုင်ငံတော်မှ MSME လုပ်ငန်းနှင့် စွန့်ဦးတီထွင်လုပ်ငန်းများကို အားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိရာ စွန့်ဦးတီထွင်လုပ်ငန်းများရှင် Green Banana Myanmar က သဘာဝတွင် ပေါက်ရောက်သည့် ဝက်လာမြက်မှ တန်ဖိုးမြှင့်လူသုံးကုန်ပစ္စည်းများထုတ်လုပ်၍ အာဆီယံနှင့် နိုင်ငံတကာကုန်စည်ပြပွဲ များတွင် ပြသရောင်းချနိုင်ရန် ထုတ်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံ၌ ဧပြီ ၁ ရက်မှ ၅ ရက်အထိ ကျင်းပခဲ့သည့် 2025 Style Bangkok နိုင်ငံတကာ ကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံမှ စွန့်ဦးတီထွင်သူ လေးဦးပါဝင်ပြသခဲ့ပြီး ပြည်ပနိုင်ငံများက မြန်မာနိုင်ငံမှ ကြိမ်၊ ဝါး၊ ဗေဒါနှင့် ငှက်ပျောလျှော်မှ ထုတ်လုပ်သည့် လူသုံးကုန်ပစ္စည်းများကို အထူးနှစ်ခြိုက် အားပေးခဲ့ကြသည်။ အထူးသဖြင့် ငှက်ပျောလျှော်မှ ထုတ်လုပ်သော အဝတ်အထည်၊ ဖျာ၊အိတ်နှင့်လူသုံးကုန်ပစ္စည်းများကို အထူးနှစ်ခြိုက်အားပေးခဲ့ကြသည်။ ထိုင်းနိုင်ငံမှ ငှက်ပျောလျှော် ကုန်ကြမ်းကိုဝယ်ယူမည့် ကမ်းလှမ်းမှုကိုရရှိခဲ့သော်လည်း လက်ရှိထုတ်လုပ်မှုမှ တန်ဖိုးမြှင့်ထုတ် ကုန်များကို ဆက်လက်ထုတ်လုပ်၍ နိုင်ငံတကာနှင့် ရင်ပေါင်တန်း နိုင်မည့်ကုန်ပစ္စည်းများကို ပြသ ရောင်းချနိုင်ရန် ကြိုးပမ်းမှုအဖြစ် ကုန်ကြမ်းရောင်းချမည့်အစီအစဉ်ကို လက်မခံခဲ့ကြောင်း Green Banana Myanmar မှ သိရသည်။
" မြန်မာနိုင်ငံမှ စွန့်ဦးတီထွင် လုပ်ငန်းရှင် လေးဦးက ထိုင်းနိုင်ငံမှာ ကျင်းပခဲ့တဲ့ 2025 Style Bangkok နိုင်ငံတကာကုန်စည်ပြပွဲမှာ အတွေ့အကြုံတွေများစွာ ရရှိခဲ့ပါတယ်။ ကိုယ်ထုတ်လုပ်တဲ့ ပစ္စည်းက မိမိနိုင်ငံမှာထုတ်လုပ်ရာမှာ ကျေနပ်မှုရှိပေမယ့် နိုင်ငံတကာနဲ့ ယှဉ်လိုက်တဲ့အခါ ဘယ်လို ဆက်ပြီး လုပ်ရမယ်ဆိုတာ သိလာတယ်။ ပြည်ပမှာ သဘာဝကုန်ကြမ်းကနေ လူသုံးကုန်ထုတ်လုပ်ဖို့ ပညာရှင်တွေ၊ ကျောင်းတွေ၊ ဌာနတွေရှိတာက အားသာချက်တစ်ခုဖြစ်ပါတယ်။ ထိုင်းနိုင်ငံ ကုန်စည်ပြပွဲမှာ မြန်မာနိုင်ငံက ငှက်ပျောချည်ကို သဘောကျပြီး ဝယ်ယူတာရှိပေမယ့် ကုန်ကြမ်းကို ရောင်းလိုက်ရင် နိုင်ငံရဲ့ပုံရိပ်နဲ့ တီထွင်ထားမှုပုံရိပ် ပျောက်သွားနိုင်တဲ့အတွက် ငြင်းခဲ့ပါတယ်။ ပြပွဲမှာ ဝက်လာမြက်ကနေ လူသုံးကုန်ထုတ်လုပ်မှုကို တွေ့ခဲ့တာကြောင့် မြန်မာနိုင်ငံမှာ ကုန်ကြမ်းပေါများတဲ့ ဝက်လာမြက်ကနေ လူသုံးကုန်ပစ္စည်း ထုတ်လုပ်ဖို့ လေ့လာစမ်းသပ်မှု တွေလုပ်ဆောင်ပြီး ကြိမ်နဲ့အခြား ထုတ်ကုန်အစားထိုးအဖြစ် လူသုံး ကုန်ပစ္စည်းတွေ ထုတ်လုပ်ဖို့ စမ်းသပ်နေပါတယ်" ဟု Green Banana Myanmar တည်ထောင် သူ ဦးမြင့်သိန်းက ပြောသည်။
ထိုင်းနိုင်ငံ၌ ကျင်းပခဲ့သည့် နိုင်ငံတကာ ကုန်စည်ပြပွဲတွင် ရန်ကုန်မှ Green Banana Myanmar ပုဂံမှ ဦးဘငြိမ်းနှင့်သားများ ယွန်းထည်လုပ်ငန်း၊ နေပြည်တော်မှ လူသုံးကုန်ပစ္စည်းများကို ဩဂုတ် Bambar နှင့် အင်းလေးမှ Pounamu ဝါးလုပ်ငန်းတို့ ပြသခဲ့သည်။ မြန်မာနိုင်ငံတွင် သုံးမြှောင့် မြက်ဟုခေါ်သည့် ဝက်လာမြက်မှ လတွင် ထုတ်လုပ်ချပြနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။ ထိုင်းနိုင်ငံ၌ နည်းပညာနှင့် ငွေကြေးထောက်ပံ့မှုဖြင့် ဝက်လာမြက်မှ အိမ်တွင်းအလှဆင်ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများ အောင်မြင်လျက်ရှိပြီး ပဲခူးတိုင်းဒေသကြီးတွင် ဝက်လာမြက်မှ လူသုံးကုန်ပစ္စည်း အချို့ထုတ်လုပ် သော်လည်း နည်းပညာလိုအပ်မှုဖြင့် ရိုးရာထုတ်လုပ်မှုမှ တန်ဖိုးမြှင့်အဆင့်သို့ တက်လှမ်းနိုင်ရန် ကြိုပမ်း လျက်ရှိသည်။
သုံးမြှောင်မြက်ဟုခေါ်ဆိုသည့် ဝက်လာမြက်ကို ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တို့တွင် အလေ့ကျပေါက်ရောက်လျက်ရှိပြီး ဝက်လာမြက်မှ အိမ်တွင်းအလှဆင်ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်၍ ပြည်ပနိုင်ငံ ကုန်စည် ပြပွဲများတွင် ပြသရောင်းချနိုင်ရန် ကြိုးပမ်းနေကြောင်း သိရသည်။
ကိုကိုလွင်(ဥဿ)


