ဝက်လက် ၁၂  ဧပြီ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုင်ခရိုင်၊ ဝက်လက်မြို့တွင်  ဧပြီ ၁၂ ရက်နေ့  နံနက် ၇ နာရီ အချိန်မှစတင်၍ ဝက်လက်မြို့  ပြည်သူ့ဆေးရုံဝင်းအတွင်း၌ အသက် ၆၀ အထက် ဘိုးဘွားများကို အပတ်စဉ် သောကြာနေ့တိုင်း ဆေးအခမဲ့ ဆေးကုသပေးခြင်းနှင့် အဟာရတိုက်ကျွေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ဝက်လက်မြို့နယ်အတွင်းရှိ အသက် ၆၀ ကျော် ဘိုးဘွား ၅၀ဝ ကျော်ကို စေတမာန် လူငယ်အဖွဲ့ အကျိုးဆောင်များက အဟာရများ တိုက်ကျွေးခြင်း၊ အလှူရှင်းများ ရှာပေးခြင်းများ ပြုလုပ်ပေးပြီး ကျန်မာရေး စောင့်ရှောက်မှုလုပ်ငန်းများကို ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ဆရာဝန်ကြီး  ဒေါက်တာ သန့်ဇင်လတ်နှင့် ကျန်မာရေးဝန်ထမ်းများ၊ အငြိမ်းစား ကျန်းမာရေး ဆရာမ ဒေါ်မြင့်ဆွေ တို့ကဆောင်ရွက်ပြီး အပတ်စဉ် သောကြာနေ့တိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

စိုးစိုးလှိုင်(ပြန်/ဆက်)

 

FB_IM