၂၈ နိုဝင်ဘာ
အာဖရိက ဝက်တုပ်ကွေးရောဂါ နိုင်ငံတွင်း ဝင်လာမည်ကို တားဆီးသည့်အနေဖြင့် လေဆိပ်များတွင် ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နေသည့် အရာရှိများကို ပိုပြီးလုပ်ပိုင်ခွင့်ပေးရန် ဂျပန်အစိုးရက စီစဉ်လျက်ရှိသည်။
တရုတ်၊ တောင်ကိုရီးယားနှင့် အာရှက နိုင်ငံများတွင် လူကိုသေစေနိုင်သည့် ကူးစက်မြန်သည့် ရောဂါ ဆိုးဆိုးရွားရွား ဖြစ်ပွားလျက်ရှိသည်။ သို့သော်လည်း ဂျပန်နိုင်ငံတွင်ယခု အချိန်ထိ အဆိုပါ ရောဂါဖြစ်ပွားသည်ဟု အတည် မပြုသေးပေ။
ခရီးသည်များ အနေဖြင့် အသားထုတ်ကုန်တွေများ သယ်ယူလာခဲ့လျင် လေဆိပ်မှ အရာရှိများက မေးမြန်းခွင့်ပြုနိုင်ရန် စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီးဌာနက စီစဉ်လျက်ရှိသည်။
ခရီးသည်များ၏ ခွင့်ပြုချက် ယူစရာမလိုဘဲ ၎င်းတို့၏ ခရီးဆောင် အိတ်များကို စစ်ဆေးနိုင်ကြောင်း အဆိုပါ ဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ခွင့်ပြုချက်မရှိသည့် အသားထုတ်ကုန်များကို သယ်ဆောင်လာသည့် မည့်သူကိုမဆို ကြီးလေးသည့် ပြစ်ဒဏ်တွေ ချမှတ်နိုင်သည်ဟု ဆိုသည်။
လက်ရှိမှာ ကျူးလွန်သူများကို ထောင်ဒဏ် ၃ နှစ် သို့မဟုတ် ဒဏ်ကြေးအဖြစ် အမေရိကန်ဒေါ်လာ ၉၂၀၀ ပေးဆောင်ရမည်ဖြစ်သည်။
လာမည့်နှစ် လွှတ်တော်အစည်းအဝေးတွင် ပြင်ဆင်ထားသည့် ဥပဒေကို တင်သွင်းရန် အဆိုပါ ဝန်ကြီးဌာနက စီစဉ်လျက်ရှိသည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်


