ငဖဲ ၁၉ ဧပြီ
မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ဆူးပဒေါင်းကျေးရွာအုပ်စု ဝါးလေးတောင်ကျေးရွာ၌ သောက်ရေကန်အတွင်း ရေညှိများကြောင့် ညစ်ညမ်းမှုဖြစ်၍ သောက်သုံးရေအခက်အခဲဖြစ်ပေါ်နေသဖြင့် ဧပြီ ၁၈ ရက်နေ့ မွန်းလွဲ ၂ နာရီက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုးမြင့်၊ မြို့နယ်အုပ်ချူပ်ရေးမှူး ဦးဆန်းထွန်း၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးနိုင်လင်းဦးနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ နွေရာသီသောက်သုံးရေ ပြတ်လပ်မှုမရှိစေရေးအတွက် သောက်သုံးရေများသွားရောက် လှုဒါန်းခဲ့သည်။
လှူဒါန်းရာတွင် ဝါးလေးတောင်ကျေးရွာရှိ အိမ်ထောင်စု ၁၀ စု၊ လူဦးရေ(၄၀)ဦးခန့်နေထိုင်သည့် ကျေးရွာအား မြို့နယ်မီးသတ်ဦးစီးဌာနမှ ရေဂါလန် ၈၀ဝ ပါ ယာဉ်တစ်စီး၊ မြို့နယ်ကျေးလက်ဦးစီးဌာနမှ ၅ ဂါလန်ဆံ့ ရေပုံး ၂၅ ပုံးတို့ဖြင့် စုစုပေါင်း သောက်သုံးရေ ၉၂၅ ဂါလန် ပေးပို့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
မယု(ငဖဲ)


