၃ ဖေဖော်ဝါရီ 

တရုတ်နိုင်ငံ ဝူဟန်မြို့ကနေ ပြန်ခေါ်လာတဲ့ လူပေါင်း ၂၅၄ ဦးဟာ ဖေဖေါ်ဝါရီ ၂ ရက်က ပြင်သစ်နိုင်ငံကို ဆိုက်ရောက်လာရာ ၃၆ ဦးမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ခံရတဲ့လက္ခဏာတွေရှိကြောင်း ပြင်သစ်ကျန်းမာရေးဝန်ကြီးက ပြောပါတယ်။ 

 

3d9

 

ရောဂါပိုးလက္ခဏာပြသူ ၃၆ ဦးထဲမှာ ၂၀ ဦးဟာ ပြင်သစ်နိုင်ငံသားနဲ့ ဥရောပအဖွဲ့ဝင် မဟုတ်တဲ့ နိုင်ငံတွေကဖြစ်ပြီး သူတို့ရဲ့ ကျန်းမာရေး စစ်ဆေးမှုကို ထပ်မံလုပ်ဆောင်နေပြီး ဒီနေ့(တနင်္လာနေ့)မှာ ဆေးစစ်ချက် အဖြေရရှိမှာ ဖြစ်ပါတယ်။ ၁၆ ဦးကတော့ သူတို့ရဲ့ နိုင်ငံတွေဆီကို ပြန်သွားကြပြီဖြစ်ပါတယ်။ 

ပြင်သစ်နိုင်ငံကိုရောက်ရှိလာတဲ့ ဒုတိယလေယာဉ်မှာ နိုင်ငံပေါင်း ၃၀ က လူတွေပါလာပြီး အများစုဟာ ဥရောပနိုင်ငံတွေကဖြစ်ပြီး ၆၅ ဦးသာ ပြင်သစ်နိုင်ငံသားတွေဖြစ်ပါတယ်။ 

 

1n3

 

ပြင်သစ်နိုင်ငံသားမဟုတ်တဲ့ ၁၂၄ ဦးဟာ သူတို့နိုင်ငံတွေဆီပြန်သွားကြပေမယ့် မက္ကဆီကို၊ ရဝမ်ဒါ၊ ဘရာဇီးနဲ့ ဂျော်ဂျီယာ နိုင်ငံတွေက လူ ၆၀ သာ ပြင်သစ်မြေပေါ်မှာ ဆက်လက်ရှိနေသေးပြီး ၁၄ ရက်တိတိ စောင့်ကြည့် လေ့လာပြီးမှ သက်ဆိုင်ရာနိုင်ငံတွေကို ပြန်သွားခွင့်ပြုမယ့်အကြောင့် ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ 

ပြင်သစ်နိုင်ငံကို ပထမအကြိမ်ရောက်ရှိလာတဲ့ လေယာဉ်အတွင်းမှာ လိုက်ပါလာသူတွေထဲက နှစ်ဦးမှာ ကိုရိုနာဗိုင်းရပ်စ်ရရှိနေကြောင်း ပြောပေမယ့် ဆေးစစ်ကြည့်ရာ မရှိကြောင်း သိရပါတယ်။ 

တရုတ်နိုင်ငံဘက်က တာဝန်ရှိသူတွေဟာ ပြင်သစ်နိုင်ငံကို ပြန်လာချင်သူတွေနဲ့ ပတ်သတ်တဲ့ လုပ်ငန်းစဉ်တွေမှာ ပူးပေါင်းလုပ်ဆောင်မှု အင်မတန်ကောင်းမွန်ကြောင်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးက ဆက်ပြောပါတယ်။ 

လက်ရှိအချိန်အထိ ပြင်သစ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ ၆ ဦးရှိကြောင်း သိရပါတယ်။ 

MDN
ကိုးကား -AFP