၂၄ မတ်
ဝူဟန်မြို့တွင် ခရီးသွားလာမှု ကန့်သတ်ချက်များကို ဧပြီ ၈ ရက်နေ့တွင် ဖယ်ရှားမည်ဟု တရုတ်နိုင်ငံ ဟူဘေးပြည်နယ်ရှိ အာဏာပိုင်များက ဆိုသည်။
ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို ဟန့်တားရန် ဝူဟန်မြို့ရှိ လေဆိပ်များ၊ ရထားဘူတာရုံများနှင့် အဝေးပြေးလမ်းမများကို ဇန်နဝါရီ ၂၃ ရက်နေ့ကတည်းက ပိတ်ထားခဲ့ခြင်းဖြစ်သည်။
ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အမြင့်ဆုံးဖြစ်သော ထိုမြို့တော်တွင် နေ့စဉ် ထောင်နှင့်ချီသောလူများ ရောဂါကူးစက်ခံခဲ့ရသည်။
သို့သော်လည်း ထိုမြို့တွင် မတ်လ ၁၈ ရက်နေ့မှ ၂၂ ရက်နေ့အထိ ရောဂါကူးစက်သူ မရှိတော့ကြောင်း နှင့် ယမန်နေ့က တစ်ဦးသာလျှင် ရောဂါကူးစက်မှု ဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားသည်။
ကိုးကား- အန်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို


