၂၉ ဇန်နဝါရီ
တရုတ်နိုင်ငံရှိ ကိုရိုနာဗိုင်းရပ်စ်ပိုး စတင်ပျံ့နှံ့ရာ ဝူဟန်မြို့နဲ့ အနီးပတ်ဝန်းကျင်မြို့တွေကနေ ပြန်လည်ရောက်ရှိလာတဲ့ သြစတြေးလျနိုင်ငံသားတွေကို ကျွန်းတစ်ကျွန်းမှာ သီးခြားခွဲထားမယ်လို့ သိရပါတယ်။
ဝန်ကြီးချုပ် မော်ရစ်ဆင်က ဝူဟန်နဲ့ ဟူဘေပြည်နယ်ရှိ တခြားမြို့ကို လတ်တလော သွားရောက်လည်ပတ်ထားသူ အားလုံးကို ခရစ်မတ်ကျွန်းမှာ အနည်းဆုံး ၁၄ ရက် တိတိ သီးသန့်ခွဲထားမယ်လို့ ပြောပါတယ်။ အဲဒီဒေသတွေကို သွားရောက်လည်ပတ်ထားသူ သြစတြေးလျ နိုင်ငံသား ၆၀၀ နီးပါး ရှိတယ်လို့ သိရပါတယ်။
သြစတြေးလျးနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ခံရသူ ၅ ဦးရှိပြီး ဆေးကုသပေးနေရာ စိုးရိမ်ရတဲ့ အခြေအနေမှာမရှိကြောင်း သိရပါတယ်။
ခရစ်စမတ်ကျွန်းဟာ သြစတြေးလျနိုင်ငံမှာ ခိုလှုံခွင့်တောင်းသူများကို ထားရှိတဲ့ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ကျွန်းဖြစ်ပါတယ်။
MDN
ကိုးကား-AFP


