ဆာနာယာ ဇူလိုင် ၂၅

 

ယီမင်နိုင်ငံ၌  မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများဖြစ်ပွားမှုကြောင့် အနည်းဆုံး ရှစ်ဦး သေဆုံးခဲ့ကြောင်း ဒေသန္တရကျန်းမာရေး အာဏာပိုင်များက ဆိုသည်။

 

အဆိုပါသေဆုံးသူများအနက် မိန်းကလေးငယ် နှစ်ဦးသည် မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် ဆာနာယာမြို့ရှိ ၎င်းတို့နေအိမ်ပြိုကျပြီး သေဆုံးခဲ့ကြောင်း သိရသည်။ အခြားခြောက်ဦးသည်လည်း ဒါမာခရိုင်အတွင်း ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက် ရှိစဉ် သေဆုံးခဲ့ကြောင်း သိရသည်။ ဒါမာခရိုင်သည် ဆာနာယာမြို့တောင်ဘက်   ကီလိုမီတာ ၁၀၀ ခန့်အကွာတွင် တည်ရှိသည်။

 

နိုင်ငံအတွင်း ပြည်တွင်းစစ်များဖြစ်ပွားလျက်ရှိသည့်အတွက် ကျန်းမာရေးစနစ် ထိခိုက်ပျက်စီးကာ ရေသန့်နှင့် မိလ္လာဆိုင်ရာ အခြေခံအဆောက်အအုံများ ပိတ်ထားခြင်းကြောင့် မိုးရာသီကာလအတွင်း ကပ်ရောဂါများ ပျံ့နှံ့လာမည်ကို ပြည်သူများက စိုးရိမ် လျက်ရှိသည်။   

 

ကိုးကား- ဆင်ဟွာ

ဘာသာပြန်- အောင်ကျော်ကျော်