၁၃ ဒီဇင်ဘာ
ဖီဂျီနိုင်ငံတွင် ယခုနှစ်အတွင်း စုစုပေါင်း မိသားစုပေါင်း ၁၀၆စုမှာ မီးလောင်ကျွမ်းမှုကြောင့် နေအိမ်များ ပျက်စီးဆုံးရှုံးခဲ့ကြောင်း မီးလောင်မှုအများစုမှာ လျှပ်စစ်မီးရှော့ဖြစ်မှုကြောင့် ဖြစ်သည်ဟု ဆိုသည်။
မီးလောင်မှုများအတွက် အစောပိုင်းကတည်းက ကြိုတင်ပြင်ဆင်မှုများပြုလုပ်ထားလျှင် မီးလောင်မှုပေါင်း များစွာကို ကာကွယ်နိုင်မည်ဖြစ်ကြောင်း ဖီဂျီအမျိုးသားမီးသတ်အာဏာပိုင် NFAက ယနေ့တွင် ပြောကြားလိုက်သည်။
အထူးသဖြင့် ပွဲလမ်းသဘင်ရာသီအတွင်း လုံခြုံရေးသည် လူတိုင်းအတွက် တာဝန်ရှိကြောင်း NFA ဉက္ကဋ္ဌ ဖြစ်သူ John O'Connorက ပြောကြားခဲ့သည်။
NFAကို စောဆီးစွာ သတင်းအချက်အလက်များပေးပို့လျင် မီးသတ်ရာ၌ အလွန်ထိရောက်ပြီး ဘေးကင်းလုံခြုံကြောင်း ၎င်းက ပြောကြားခဲ့သည်။
NFAမှ အကူအညီများရယူရန်အတွက် နံပါတ် ၉၁၀သို့ ခေါ်ဆိုကြရန် O'Connor က ဖီဂျီနိုင်ငံသားများကို တိုက်တွန်းခဲ့သည်။
ယခုနှစ်တွင်ဖြစ်ပွားခဲ့သည့် မီးလောင်မှုအများစုသည် လျှပ်စစ်ကြောင့် ဖြစ်ပွားခြင်းဖြစ်ကြောင်း မီးသတ်တပ်ဖွဲ့အကြီးအကဲ Qionilau Moceitaiက ပြောကြားခဲ့သည်။
၂၀၁၈ခုနှစ်တွင် မီးလောင်မှုပေါင်း ၁၅၈ခုရှိခဲ့ပြီး ထိုထဲတွင် ၁၄၅မှုမှာ အိမ်တွင် လောင်ကျွမ်းသည့် မီးလောင်မှုများဖြစ်သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မေဇော်ထက်


