သတင်းဆောင်းပါး - ထွန်းလှိုင် (မြင်းခြံ)
ဥရောပနိုင်ငံများ၌ ခရစ်နှစ် ၁၈၀၀ကျော်က ပေါ်ပေါက်ခဲ့သော စက်မှုစနစ်တော်လှန်ရေး၏ လှိုင်းဂယက်ဒဏ်ကို ခံရသည့် အိမ်တွင်းစက်မှုလက်မှုအလုပ်သမားများနှင့် ရက်ကန်းသမားများသည် စီးပွားရေးနှင့် လူမှုရေး မတည်ငြိမ်မှုများနှင့် စီးပွားရေးကျပ်တည်းမှုဒုက္ခများမှ လွတ်မြောက်နိုင်စေရန် စုပေါင်းအားကိုဆောင်သည့် “သမဝါယမစနစ်”ကိုတီထွင် ကြံဆရင်း သမဝါယမအသင်းများကို စတင်ဖွဲ့စည်းခဲ့ကြရင်း ကမ္ဘာ့သမဝါယမများ လုပ်ငန်းများအောင်မြင်လာခဲ့ပါသည်။
ခရစ်နှစ် ၁၈၄၄ ခုနှစ်၌ တည်ထောင်သော် ရော့ကဒေးမြို့ သမဝါယမကုန်စုံဆိုင်အသင်း စတင် ဖွဲ့စည်းခဲ့ရာ ၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာ့သမဝါယမ သက်တမ်း ၁၇၆ နှစ် ရှိပေပြီ။ မြန်မာနိုင်ငံမှာ ခရစ်နှစ် ၁၉၀၅ ခုနှစ်ဇန်နဝါရီလ၃ရက်နေ့ စစ်ကိုင်းတိုင်းဒေသကြီး မြင်းမူမြို့ ငွေစုငွေချေးအသင်း စတင်ဖွဲ့စည်းဆောင်ရွက် ခဲ့ချိန်မှစ၍ သမဝါယမ စတင်သန္ဓေတည်ခဲ့ရာ မြန်မာ့ သမဝါယမသက်တမ်း ၁၁၅ နှစ် ရှိပါပြီ။ အပြည်ပြည် ဆိုင်ရာ သမဝါယမနေ့အဖွဲ့ချုပ် (International Cooperative Alliance- ICA) ကို ၁၈၉၅ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့ရာ ယနေ့ဆိုလျှင် နှစ်ပေါင်း ၁၂၅ နှစ်ရှိပြီး ၁၉၉၄ ခုနှစ် ကျင်းပသည့် (၄၉)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံကြီးက နှစ်စဉ် ဇူလိုင်လ ပထမပတ် စနေနေ့ကို “အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့”အဖြစ် ဂုဏ်ပြုသတ်မှတ်ပေးခဲ့ပါသည်။ မြန်မာနိုင်ငံ တွင် ICA အနေဖြင့် ICA အခမ်းအနားကို ၁၉၂၃ ခုနှစ်က စတင်ကျင်းပခဲ့ရာ (၉၇)ကြိမ်မြောက် ကျင်းပခဲ့ပါသည်။ မြန်မာနိုင်ငံတွင် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ အထိမ်းအမှတ် အခမ်းအနားကို ၁၉၉၅ ခုနှစ်မှ စတင်ကျင်းပခဲ့ရာ ၂၀၁၉ ဇူလိုင်လ ၆ ရက်နေ့ စနေနေ့တွင် (၂၅)ကြိမ်မြောက် ICA Day အထိမ်းအမှတ်အခမ်း အနား ကျင်းပခဲ့ပါသည်။
၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၄ ရက်နေ့ စနေနေ့သည် မြန်မာနိုင်ငံအနေဖြင့် (၂၆) ကြိမ်မြောက် ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ သမဝါယမအဖွဲ့ချုပ်၏ (၉၈)ကြိမ်မြောက် ဖြစ်ပါသည်။ မြန်မာနိုင်ငံ ဗဟိုသမဝါယမအသင်း (CCS) အနေဖြင့် ၇-၉-၁၉၉၃ ရက်နေ့တွင် အသင်းဝင် အဖြစ်ပါဝင်ခဲ့ရာ ၂၀၂၀ ပြည့်နှစ်တွင် ၂၇ နှစ်ရှိပြီ ဖြစ်ပါ သည်။ ခေတ်အဆက်ဆက် မြန်မာ့သမဝါယမများအနေ ဖြင့် ၁၉ဝ၄ ခုနှစ် သမဝါယမငွေစုငွေချေးအသင်းဥပဒေမှ စ၍ ယနေ့ လိုက်နာကျင့်သုံးလျက်ရှိသည့် ၂၀၁၃ ခုနှစ်၊ သမဝါယမအသင်း နည်းဥပဒေများအထိ ခေတ်အဆက် ဆက် နိုင်ငံအစိုးရများက ပြဋ္ဌာန်း၊ ပြင်ဆင်ရေးဆွဲပေးခဲ့ သည့် အကြိမ်(၁၃)ကြိမ် ရှိပြီဖြစ်ပါသည်။
ဆန္ဒအလျောက်ပါဝင်ရင်း လိုအင်ဆန္ဒပြည့်ရေးရည်ရွယ်
“သမဝါယမဆိုသည်မှာ ဆန္ဒအလျောက် ပူးပေါင်းကြသူတို့က မိမိတို့၏ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုဆိုင်ရာ လိုအပ်ချက်နှင့် လိုအင်ဆန္ဒများ ဖြည့်ဆည်းရန် အလို့ငှာ ပူးပေါင်းပိုင်ဆိုင်ပြီး အများဆန္ဒနှင့်အညီ ကိုယ်တိုင် စီမံခန့်ခွဲဆောင်ရွက်သည့် စီးပွားရေးအဖွဲ့ အစည်းဖြစ်သည့်အလျောက် မြန်မာ့သမဝါယမမျှော်မှန်းချက်မှာ နိုင်ငံတော်၏ လူမှုရေး၊ စီးပွားရေးထမ်းဆောင်နိုင်ရန် လုပ်ငန်းများကို ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်း ဆောင်ရွက်ရန်နှင့် ညီညွတ်မျှတသည့် လူမှုစီးပွားတည်ဆောက်မှု သမဝါယမပုံရိပ်လွှာကို ထိန်းသိမ်း ကာကွယ်ရင်း ဖွံ့ဖြိုးတိုးတက်စေရန်" ဖြစ်ပါသည်။ အားလုံးပါဝင်ပြီး နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် ရေရှည်တည်တံ့ သော လယ်ယာကုန်ထုတ်လုပ်မှုစနစ် ထွန်းကားစေခြင်းဖြင့် စားနပ်ရိက္ခာဖူလုံ၍ အာဟာရ ပြည့်ဝစေပြီး ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မလာစေရန်နှင့်နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ဖြစ်စေရန် ရည်မှန်းချက် ဖြစ်ပါသည်။
သမဝါယမအသင်းသည် အသင်း၏စီးပွားရေးနှင့် လူမှုရေးလုပ်ငန်းများကို လုပ်ဆောင်သည့် အစိုးရမဟုတ်သော အဖွဲ့အစည်းသာဖြစ်စေရန်နှင့် အသင်းသည် ကိုယ့်အားကိုယ်ကိုးခြင်း၊ ကိုယ်တိုင်တာဝန်ယူဆောင်ရွက်ခြင်း၊ လွတ်လပ်စွာ ဖန်တီးခွင့်ရှိသော အဖွဲ့အစည်းဖြစ်စေရန် ကျင့်ဝတ်(၄)၊ အနှစ်သာရ(၆)ရပ်၊ အခြေခံ(၁၀) ရပ် ချမှတ်ဆောင်ရွက်လျက်ရှိပါသည်။
ယနေ့မြန်မာ့သမဝါယမများအနေဖြင့် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ် ၁၅ ခု၊ မြို့နယ် ပေါင်း ၃၄၂ မြို့နယ်ကျေးရွာပေါင်း ၅၃၈၉၆ မှ မြို့နယ် ၃၀၇ မြို့နယ်ရှိ ကျေးရွာပေါင်း ၃၅၂၇၆ တွင် သမဝါယမ အသင်းသားပေါင်း ၄ဒသမ ၂၅ သန်းအတွက် ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ အသင်းသားလယ်သမားများ လိုအပ် သည့် စိုက်ပျိုးစရိတ်ချေးငွေအဖြစ် သမဝါယမအသေးစားချေးငွေ အဖြစ် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှ စတင်ပြီး တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ချေးငွေမှ ငွေကျပ် ၆၅၂ဒသမ ၉၅ ဘီလီယံ ခြောက်လတစ်ကြိမ် အရင်းအတိုး ပေးဆပ်သည့်စနစ်၊ သင့်တင့်မျှတသည့် အတိုးနှုန်းတို့ဖြင့် ထုတ်ချေးပေးလျက် ရှိရာ ၂၀၂၀ ပြည့်နှစ် ဇူလိုင်လတွင် (၁၃) ကြိမ်မြောက် ပြန်လည်ကောက်ခံပြီး (၁၄)ကြိမ်မြောက် ပြန်လည်ထုတ်ချေးမည့် ခရီးပေါက်ခဲ့ပါပြီ။
စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးရေးအလေးထား
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ သမဝါယမကဏ္ဍနှင့် ပတ်သက်ပြီး ရည်မှန်းချက်(၃)ရပ်၊ မူဝါဒ(၅)ရပ်၊ လုပ်ငန်းစဉ်(၉)ရပ်ပါ လက်မှုလယ်ယာမှ စက်မှု လယ်ယာကူးပြောင်းနိုင်ရန် အဆိုပါချေးငွေမှ ကိုရီးယား လယ်ယာသုံးစက်စီးရေ ၆၄၂၃၀ စီး တန်ဖိုးငွေကျပ် ၁၀၀ ဒသမ ၃၅ ဘီလီယံကျော် အရစ်ကျစနစ်ဖြင့် ရောင်းချ ပေးထားပါသည်။ တိုင်းဒေသကြီး၊ ပြည်နယ် ၁၅ ခု၊ မြို့နယ် ၁၀၂ မြို့နယ်ရှိအသင်း ၁၂၄၉ သင်းမှ အသင်းသားများသို့ ဓာတ်မြေဩဇာအိတ်ပေါင်း ၁၁ဝဝ၄၇ အိတ်၊ တန်ဖိုးငွေကျပ် ၃၂၆၃ ဒသမ ၅၀၈ သန်း ပိုးသတ်ဆေး ၁၃၉၃၃ အိတ် အပါအဝင် ဆေးပစ္စည်းများတန်ဖိုးငွေကျပ် ၈၀၀ ဒသမ ၁၁ သန်း စသည့်လယ်ယာသွင်းအားစုပစ္စည်းတန်ဖိုး စုစုပေါင်း ငွေကျပ် ၄၀၈၄ ဒသမ ၄၁၇ သန်း တန်ဖိုးရှိ သွင်းအားစုများ ဖြန့်ဖြူးရောင်းချ ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။ လယ်ယာ အထောက်အကူပြုဝန်ဆောင်မှု သမဝါယမအသင်းများ ဖွဲ့စည်းပြီး လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ တိုင်းသကြီး/ ပြည်နယ် ၁၃ ခု၊ မြို့နယ် ၁၁၄ မြို့နယ်တွင် လယ်ယာ အထောက်အကူပြုဝန်ဆောင်မှု သမဝါယမအသင်း ၆၀၊ မြို့နယ်သမဝါယမအသင်းစု ဝန်ဆောင်မှုလုပ်ငန်းခွဲ ၇၇ သင်း စုစုပေါင်း ၁၃၇သင်းတို့မှ လယ်ယာအထောက်အကူ ပြုဝန်ဆောင်မှုလုပ်ငန်းများဖြစ်သော ထွန်ယက်ပြုပြင်ခြင်း ၊ နှင့် စပါးရိတ်သိမ်းခြွေလှူခြင်းတို့အား ရိတ်သိမ်းခြွေလေ့ စက် ၉၇ စီးနှင့် ထွန်စက်ကြီး ၇၃၉စီး စုစုပေါင်း ၈၃၆ စီးဖြင့် လယ်ယာအထောက်အကူပြုဝန်ဆောင်မှုလုပ်ငန်းများကို ရာသီချိန်အလိုက် ဆောင်ရွက်ပေးလျက်ရှိပါသည်။
နိုင်ငံအတွင်း သမဝါယမအသင်းပေါင်း၄၀၃၁၅ သင်းမှ အသင်းသားပေါင်း ၄ဒသမ ၂၅သန်းအသင်းသားတစ်ဦးလျှင် မှီခိုသူ ပျမ်းမျှငါးဦးနှုန်းဖြင့် ပြည်သူဦးရေသန်း၂၀ ကျော် မြန်မာ့လူဦးရေ ၅၄ ဒသမ ၄ သန်း၏ ၄၀ ရာခိုင်နှုန်းကျော် အဆိုပါချေးငွေများ ကူညီထောက်ပံ့ခံစားလျက်ရှိပါသည်။ သမဝါယမလုပ်ငန်းများကို သမဝါယမဦးစီးဌာန ဝန်ထမ်း ပေါင်း ၅၇၇၀၊ အသင်းအမှုဆောင်နှင့်ဝန်ထမ်း ၂၁၈၂၅၅ဦး သမဝါယမလောကသားများက တာဝန်ယူမှု၊ တာဝန်ခံမှုရှိစွာ တာဝန်ယူဆောင်ရွက်လျက်ရှိကြပါသည်။
ကိုဗစ်- ၁၉ ကာလ ကုစားမှုများ
လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ COVID -19 ကြောင့် ထိခိုက်မှုဖြစ်ပွားခဲ့သည့်လုပ်ငန်းများ၏ စီးပွားရေးသက်ရောက်မှုများအပေါ် အားလုံးတစ်ပေါင်း တည်းကျော်လွှားခြင်း၊ COVD- 19 စီးပွားရေး ကုစားမှု အစီအစဥ (COVID- 19 Economic Relief Plan-CERP) နိုင်ငံတော်မှ ဆောင်ရွက်နေသည့် စီးပွားရေးအပေါ်တွင် ထိခိုက်မှုသက်သာရေးစီမံချက်အရ ကျေးလက်နေပြည်သူများ လူမှုဘဝဖွံ့ဖြိုးရေးအတွက် မျိုးစေ့ထုတ်၊ သွင်းအားစု မြေဩဇာ၊ လယ်ယာဝန်ဆောင်မှု ကန်ထရိုက်လယ်ယာ လုပ်ငန်းများကို ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ဆောင်ရွက်ရန် နိုင်ငံတော်မှခွင့်ပြုပေးခဲ့ပါသည်။ သမဝါယမအသင်းများ အနေဖြင့် သမဝါယမအသင်းဥပဒေနှင့် အညီ အသင်းသားများ၏ဆန္ဒနှင့်အညီ ဖွဲ့စည်းထားခြင်းဖြစ်သည့်အတွက် တစ်ဦးချင်း၏ ပါဝင်ဆောင်ရွက်မှု အသင်းတစ်ခုလုံး အစု အဖွဲ့လိုက်ဖွံ့ဖြိုးမှု၊ အသင်းသားပြည်သူများ အသိပညာ ဖြန့်ဝေခြင်းတို့ ဆောင်ရွက်နိုင်သည့် အဖွဲ့အစည်းများ ဖြစ်သည်။
သမဝါယမစနစ် အခန်းကဏ္ဍဖွံ့ဖြိုးစေရန် ရည်သန်၍ အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ အထိမ်းအမှတ် သတင်းစာအယ်ဒီတာတစ်ဦး၏ အာဘော်ကို ကောက်နုတ် ဖော်ပြလိုပါသည်။
“ နိုင်ငံတော်အစိုးရသည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်စေရန် ဒီမိုကရေစီစနစ်၊ ဈေးကွက်စီးပွားရေးစနစ်တို့ဖြင့် ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဆောင်ရွက်ရာတွင် သမဝါယမ ကဏ္ဍမှ လည်း ပါဝင်၍ဆောင်ရွက်လျက်ရှိသည်။ ဒီမိုကရေစီစနစ်သည် လူ့အခွင့်အလမ်းကို အာမခံသော စနစ်ဖြစ်သည်။ လူ့အခွင့်အရေး လွတ်လပ်မှုနှင့်အတူ ဈေးကွက်လွတ်လပ်မှုကို လက်ခံကျင့်သုံးသော ဈေးကွက်စီးပွားရေး စနစ်ဖြစ်သည်။ ဒီမိုကရေစီစနစ်နှင့်ဘက်ညီစွာ ကျွဲကူးရေပါသဘော ဖြစ်လာသည်။ ဈေးကွက်စီးပွားရေး စနစ်ဟူ သည် ဒီမိုကရေစီ လူ့ဘောင်အဖွဲ့အစည်းထဲမှ လူတစ်ဦးချင်းစီ၏ လွတ်လပ် သော ဆန္ဒသဘောအတိုင်း မိမိတို့တန်ဖိုးထား နှစ်သက်
သော ရွေးချယ်ခွင့်ရှိသော ဝယ်သူကို အလေးထားသော စနစ်ဖြစ်သည်။ သမဝါယမစနစ်သည် မွန်မြတ်သော လုပ်ငန်းတစ်ခု ဖြစ်သည်။ ထို့ကြောင့် တစ်ကမ္ဘာလုံး ပျံ့နှံ့ခဲ့ပြီး ယနေ့တိုင် တည်တံ့နေခြင်းဖြစ်သည်။ ထို့ကြောင့် သမဝါယမစနစ်သည် ခေတ်အဆက်ဆက် မတိမ်ကောသော စနစ်တစ်ရပ်ဟု ဆိုရမည်ဖြစ်သည်။
အောင်မြင်မှုများ၊ ဝေဖန်မှုများရှိခဲ့
ယနေ့ သမဝါယမများနှင့်ပတ်သက်၍အောင်မြင်မှု များရှိသလို အလုံးစုံ ပျက်စီးဆုံးရှုံးမှုများ ရှိခဲ့ပါသည်။ အချို့အချို့သော ပုံရိပ်ဆိုးများကြောင့် မဝါယမအသင်း သားပိုင်နှင့် အများပိုင်ပစ္စည်း ချေးငွေပေါ် အတိုးနှုန်းသေနှင့် ကိုက်ညီမှုရှိသည့် စက်ပစ္စည်များရောင်းချမှု၊ သမာဃများ အများပြည်သူများ အားကိုးအားထား မပြုနိုင်၊ အများပိုင်ပစ္စည်းများဖြင့် တာဝန်ခံလုပ်ပြ နေသော သမာယများ၊ နိုင်ငံတော်ပိုင် သမဝါယမပိုင် အများပိုင်ပစ္စည်း စသည်တို့တွင် ၂၀၁၆ ခုနှစ်မှစတင်၍ ပိုမို ထောက်ပြန်ဆွေးနွေးမှုများ ရှိလာပါသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်၏ ၂၁၉ ခုနှစ် ရာဝတီတိုင်း နုဖြူမြို့နယ် ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲတွင် သမဝါယမကဏ္ဍ နှင့် ပတ်က်၍ “သဝါယမကဏ္ဍပါ ပါဝင်တဲ့အတွက် ကျေးလက်နေ တောင်သူတွေ စုပေါင်းလုပ်ဆောင်နိုင်မယ့် ၂၁ရာစုနဲ့ ကိုက်ညီတဲ့ သမဝါယမစနစ်ကို ကျေးလက်သေတွေမှာ စနစ်တကျ လုပ်ဆောင်သွားရမှာဖြစ်ပါ တယ်" လို့ လမ်းညွှန်မှာကြားထားပါသည်။
သမဝါယမအသင်းများက အသင်းသားများအပေါ် အကျိုးပြုမှု၊ ယခင် ယခု သဝါယမအသင်းများ၏ အသင်းပိုင် ရင်းနှီးပစ္စည်းများ တိုးပွားလာမှုဒေတာ (Data) တွေက ဝေဖန်သူတွေကို မကျော်လွှားနိုင်သေးပါ။ ဓမ္မဒ ၁၈၃ အဆုံးအမနှင့်အညီ မကောင်းမှုပယ် ယခင် အမှားသရုပ်ပြများထပ်မံမဖြစ်စေရေး ကောင်းဖွယ်ကိုယူ သမဝါယမအသင်းသားများ အကျိုး၊ ပြည်သူများအကျိုး သယ်ပိုးဆောင်ရွက်နိုင်မည့် (၂၁ရာစု) နှင့် ကိုက်ညီသော သါယမစနစ်ကို သမဝါယမလောကသားများ သိရှိ ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၄ ရက်နေ့ အပြည်ပြည်ဆိုင်ရာ သါယမ အဖွဲ့ချုပ်၏ (၉၈)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ (NCA) အထိမ်းအမှတ်သဝါယမ တပ်လှန့် သံအဖြစ် အသိပေရေးသားလိုက်ရပါသည်။ ။


