ယင်းမာပင် ၂၇  မတ်     


စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကျောင်းသား၊ ကျောင်းသူများ ပြင်ပဗဟုသုတများ ရရှိစေရန်နှင့် စာပေလေ့လာ မှတ်သားသည့် အလေ့အကျင့် ကောင်းများ၊ စဉ်းစားတွေးခေါ်မှုများနှင့် ရှေးဆိုရိုးစကားများကို သိရှိနိုင်စေရန်အတွက် ရည်ရွယ်ကာ စကားပုံဆက်ပြိုင်ပွဲကို ယင်းမာပင် ခရိုင်ပြည်သူ့စာကြည့်တိုက်  လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌  ယနေ့ နံနက် ၉ နာရီက ကျင်းပ ခဲ့သည်။

 

1


ပြိုင်ပွဲမစတင်မီ ယင်းမာပင်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မျိုးမျိုးသွယ် က စကားပုံဆက်နည်းနှင့် ပြိုင်ပွဲကျင်းပမည့် အစီအစဉ်နှင့် အမှတ်ပေးစည်းမျဉ်းများကို ရှင်းလင်းပြောကြားသည်။ ယင်းနောက် ကျောင်းသား ကျောင်းသူလေးများက စကားပုံဆက်ခြင်းကို ယှဉ်ပြိုင်ခဲ့ကြသည်။  
    

ပြိုင်ပွဲအပြီးတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသော ကျောင်းသား၊ ကျောင်းသူလေးများကို ခရိုင်ဦးစီးမှူး ဒေါ်မျိုးမျိုးသွယ်က ဆုများပေးအပ်ပြီး ပြိုင်ပွဲဝင်ကျောင်းသား ကျောင်းသူလေးများကို လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း ယင်းမာပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
     

MDN

 

1