၁၇ မတ်

 

ယူကရိန်းနိုင်ငံ ကိယက်ဗ်မြို့တော်တွင် ပထမဆုံး ကိုဗစ်-၁၉ ဗိုင်းရပ်စ် ကူးစက်သူ နှစ်ဦး ရှိသည်ဟု အတည်ပြုကြောင်း ယူကရိန်းအမျိုးသားသတင်းအေဂျင်စီက ယမန်နေ့က သတင်းထုတ်ပြန်ခဲ့သည်။

 

ကိုဗစ်-၁၉ ဗိုင်းရပ်စ်ကူးစက်မှုကြောင့် ယူကရိန်းနိုင်ငံမြောက်ပိုင်း Zhytomyr ပြည်နယ်မှ လူ တစ်ဦး သေဆုံးမှု အပါအဝင် လူ ခုနစ်ဦး ထိုရောဂါကူးစက်ခံရကြောင်း ယူကရိန်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

အဆိုပါ ဗိုင်းရပ်စ်ပျံ့နှံ့မှုကိုထိန်းချုပ်ရန် အခြားသောအစီအမံများအကြား ပညာရေးအဖွဲ့အစည်းများတွင် ရက်သတ္တပတ်သုံးပတ်ကြာ သီးသန့်ခွဲထားရန် ကြာသပတေးနေ့တွင် အစိုးရက စတင်လုပ်ဆောင်ခဲ့သည်။

 

ယူကရိန်းသမ္မတ ဇီလန်စကီက နိုင်ငံသားများအား ကိုဗစ်-၁၉ ဗိုင်းရပ်စ် ကူးစက်မှု ကာကွယ်တားဆီးရေးနှင့် ပတ်သက်ပြီး  ဈေးဝယ်စင်တာများ၊ စားသောက်ဆိုင်များ၊ ကဖေးများနှင့် အပန်းဖြေစခန်းများ ကဲ့သို့သော အခြေခံလိုအပ်ချက်မဟုတ်သော စီးပွားရေးလုပ်ငန်းများကို ခေတ္တရပ်ဆိုင်းထားရန် ယမန်နေ့က တိုက်တွန်းပြောကြားခဲ့သည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို