အာဖဂန်နစ္စတန်နိုင်ငံ၌ နှင်းထူထပ်စွာကျဆင်းပြီး အေးခဲမှုကြောင့် သီတင်းပတ်နှစ်ပတ်အတွင်း ၁၀၄ ဦးသေဆုံး

ဇန်နဝါရီ ၂၃

 အာဖဂန်နစ္စတန်နိုင်ငံတွင် ပြီးခဲ့သည့်သီတင်းပတ်နှစ်ပတ်အတွင်း နှင်းထူထပ်စွာကျဆင်းပြီး အေးခဲသောရာသီဉတုကြောင့် လူ ၁၀၄ ဦး သေဆုံးခဲ့သည်ဟု သဘာဝဘေးအန္တရာယ်စီမံခန့်ခန်မှုနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဝန်ကြီးဌာန၏ပြောရေးဆိုခွင့်ရှိသူ  ရာဟီမီက ယနေ့တွင် ပြောကြားသည်။

နိုင်ငံအတွင်းရှိတာခါ၊ ဘတ်ဒ်ရှန်၊ နီမို့ဖ်၊ ကန်ဒါဟာ၊ လာ့မန်၊ ဂါနီ၊ ဉရုဂန်၊ ဂျောဇ်ဂျန်၊ ဆာရီပူလ်၊ ဖာရတ်၊ ပါတီကာ၊ ဘာခ်၊ ဆာမန်ဂန်၊ ဘမ်ရန်နှင့် အခြားဒေသများတွင် ရက်သတ္တပတ်နှစ်ပတ်အတွင်း နှင်းထူထပ်စွာကျဆင်းမှု၊ အေးခဲမှုနှင့် ဓါတ်ငွေ့အသက်ရှုကြပ်မှုတို့ကြောင့် အမျိုးသမီးနှင့်ကလေးများအပါအဝင် လူပေါင်း ၁၀၄ ဦး သေဆုံးခဲ့သည်ဟု ၎င်းကဆိုသည်။

အပူပေးစနစ်မရှိသောအာဖဂန်နစ္စတန်နိုင်ငံတွင် အာဖဂန်ပြည်သူများသည်အနွေးဓာတ်ရရှိစေရန် ကျောက်မီးသွေး၊ သစ်သား သို့မဟုတ် ဓါတ်ငွေ့ရည်တို့ကို မကြာခဏအသုံးပြုရသဖြင့် ဓါတ်ငွေ့ယိုစိမ့်မှု သို့မဟုတ် ကာဗွန်မိုနော့ဆိုက်တို့ကြောင့် သေဆုံးမှုများပြားကြောင်း ဖော်ပြထားသည်။

နိုင်ငံအတွင်း ဇန်နဝါရီ ပထမပတ်မှစတင်ကာ အအေးပိုမိုလာပြီး နှင်းများကျဆင်းသဖြင့် နိုင်ငံ၏အချို့သောဒေသများတွင် အပူချိန်  အနုတ် ၃၀ ဒီဂရီဆဲလ်စီးရပ်အောက်ကျရောက်ခဲ့သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို