၂၃ အောက်တိုဘာ
ပြင်သစ်နိုင်ငံက ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုထိန်းချုပ်ရန်အတွက် ညမထွက်ရ အမိန့်ကို သက်တမ်းတိုးခဲ့သည်။
ပြင်သစ်နိုင်ငံသည် ဉရောပတိုက်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အမြင့်ဆုံး နိုင်ငံများထဲတွင် တစ်နိုင်ငံဖြစ်သည်။
ပြင်သစ်နိုင်ငံတွင် အောက်တိုဘာလ ၂၂ ရက်နေ့က ဗိုင်းရပ်စ်ကူးစက်ခံရသည့် အတည်ပြုလူနာအသစ် ၄၀၀၀၀ ရှိခဲ့ပြီး ရောဂါဖြစ်ပွားသူ စုစုပေါင်း ၄၁၆၂၂ ဦးအထိ ရှိခဲ့သည်။
ပြင်သစ်နိုင်ငံ၏ ကျန်းမာရေး စောင့်ရှောက်မှု စနစ်သည် မကြာမီ ပြိုလဲသွားနိုင်သည့်အတွက် စိုးရိမ်ပူပန်မှုများလည်း ဖြစ်ပေါ်လျက်ရှိသည်။
ပဲရစ်မြို့အပါအဝင် မြို့များကို ပြီးခဲ့တဲ့ သီတင်းပတ်မှစပြီး ညမထွက်ရ အမိန့်ထုတ်ပြန်ခဲ့ပြီးနောက် ကျန်ရှိနေသေးသည့် မြို့များကို ယနေ့ (သောကြာနေ့) ကစပြီး ညမထွက်ရအမိန့် ထပ်မံထုတ်ပြန်မှာ ဖြစ်ကြောင်း ယနေ့ကျင်းပသည့် သတင်းစာရှင်းပွဲမှာ ပြင်သစ်ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။
ညကိုးနာရီမှ နံနက် ခြောက်နာရီအထိ လူများသည် အိမ်ထဲတွင် နေထိုင်ကြရမည်ဖြစ်သည်။ အဆိုပါ ထုတ်ပြန်ချက်အရ ပြင်သစ်နိုင်ငံတွင် လူဉီးရေ ၆၇ သန်းအနက် လူဉီးရေ ၄၆ သန်းကျော် သို့မဟုတ် နိုင်ငံ့လူဦးရေ၏ သုံးပုံနှစ်ပုံကျော်မှာ ညမထွက်ရအမိန့် အကျုံးဝင်မည်ဖြစ်သည်။
လာမည့် သီတင်းပတ်များအတွင်း ရောဂါကူးစက်မှုများအပေါ် မူတည်ပြီး ညမထွက်ရ အမိန့်ကို ပိုမိုတင်းကျပ်လာနိုင်ကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။
ဂျာမနီနိုင်ငံသည်လည်း ကြာသပတေးနေ့အတွင်း ဗိုင်းရပ်စ် ကူးစက်မှု အမြင့်ဆုံးထိ ရောက်ရှိခဲ့ပြီး ဗိုင်းရပ်စ် ကူးစက်ခံသူပေါင်း ၁၁၂၈၇ ဉီးအထိ ရောက်ရှိခဲ့သည်။
ကူးစက်မှု နှေးကွေးစေရန် ထိန်းချုပ်မှုရန် အခွင့်အရေးများ ရှိနေသေးကြောင်း အစိုးရသိပ္ပံ အဖွဲ့အစည်း၏ အကြီးအကဲက ပြောကြားခဲ့သည်။
လူများ အနေဖြင့် လက်ဆေးခြင်း၊ မျက်နှာဖုံးများ တပ်ဆင်ခြင်းဖြင့် ရောဂါကူးစက်မှုကို လျှော့ချနိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်