လွိုင်ကော် ၁ နို၀င်ဘာ
လွိုင်ကော်မြို့နယ်အတွင်းရှိ နွားလဝိုး ကျေးရွာအုပ်စု၊ လင်ဖုံလေးကျေးရွာသည် ဆယ့်နှစ်လရာသီ အလိုက် တစ်ပိုင်တစ်နိုင် သီးနှံများစိုက်ပျိုးလျက်ရှိရာ အောင်မြင် ဖြစ်ထွန်းလျက်ရှိပြီး ခရမ်းချဉ်သီး၊ ပန်းမုန်လာ၊ ကြက်သွန်ဖြူ အဓိက စိုက်ပျိုးပြီး အခြားသီးနှံများဖြစ်သည့် ပန်း၊ မုန်ညှင်း၊ ခရမ်းသီး၊ ပြောင်း၊ စပါး၊ တို့ကိုလည်း စိုက်ပျိုးလျက်ရှိသည်။
![11.jpg](https://mdn.gov.mm/sites/default/files/inline-images/11_41.jpg)
“စိုက်ပျိုးရေးခြံမှ ထွက်သည့် သီးနှံမျာအား အနီးစပ်ဆုံး မြို့ဖြစ်သည့် လွိုင်ကော်မြို့အတွင်းသို့ တင်ပို့ရောင်းချပြီး တစ်ချို့သီးနှံများလည်း အောင်ပန်းအထိ တင်ပို့လျက်ရှိကြောင်း၊ ဇူလိုင်လနှင့် သြဂုတ်လတွင် စိုက်ပျိုးသည့် သီးနှံများက စျေးကောင်းရရှိပြီး စက်တင်ဘာလတွင် စိုက်ပျိုးသည့် သီးနှံများက စျေးနှုန်းကျဆင်း လျက်ရှိကြောင်း” လင်ဖုံလေးကျေးရွာ ရာအိမ်မှူး ဦးတင်၀င်း က ပြောကြားချက်အရ သိရသည်။
![12.jpg](https://mdn.gov.mm/sites/default/files/inline-images/12_28.jpg)
လင်ဖုံလေးကျေးရွာတွင် ရှမ်း၊ ပအိုဝ့်နှင့် အခြားတိုင်းရင်းသားများ နေထိုင်ကြပြီး လင်ဖုံလေးကျေးရွာကို အထက်ရွာ၊ အောက်ရွာ စုစုပေါင်း အိမ်ခြေ (၁၉၃) အိမ်ရှိပြီး စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၇၅ ရာခိုင်နှုန်းရှိကာ ကျန် ၂၅ ရာခိုင်နှုန်းက လက်လုပ်လက်စား လုပ်ကိုင်လျက်ရှိကြောင်း သိရှိရသည်။
စိုးလှိုင်ဌေး(ပြန်/ဆက်)
![14.jpg](https://mdn.gov.mm/sites/default/files/inline-images/14_14.jpg)