၂၀ နိုဝင်ဘာ
အမေရိကန်နိုင်ငံ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှု မြင့်မားနေတဲ့အတွက် ဗိုင်းရပ်စ်ပိုး ထိန်းချုပ်ရန် ကယ်လီဖိုးနီးယားပြည်နယ် တစ်ခုလုံးနီးပါးတွင် ညမထွက်ရ အမိန့်ကို ပြည်နယ်အုပ်ချုပ်ရေးမှူးက ကြာသပတေးနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
ပြည်နယ်အုပ်ချုပ်ရေးမှူး ဂါဗင် နယူးဆွမ်က ညမထွက်ရ အမိန့်ကို စနေနေ့ နိုဝင်ဘာ ၂၁ ရက်မှ ဒီဇင်ဘာ ၂၁ ရက်နေ့အထိ၊ ည ၁၀ နာရီမှ နံနက် ၅ နာရီအထိ ထုတ်ပြန်ကြောင်း ကြေညာပါတယ်။
ဗိုင်းရပ်စ်ပိုးပျံ့နှံ့မှု ပမာဏာက စတင်ချိန်ကစပြီး အခုလောက် အရေအတွက်အထိ မတွေ့ဖူးသေးကြောင်း၊ လာမယ့်ရက် သို့မဟုတ် သီတင်းပတ် အနည်းအငယ် အတွင်းမှာ ပိုးတွေ့ရှိမှု ရပ်တန့်သွားဖို့က အရေးကြီးကြောင်း၊ သေဆုံးသူတိုး မသွားခင် ဆေးရုံတက်ရောက်ကုသသူ အရေအတွက်နဲ့ ပိုးကူးစက်သူ အရေအတွက် ကျသွားအောင် လုပ်ဖို့က အရေးကြီးကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူးရဲ့ ကြေညာချက်မှာ ပါရှိပါတယ်။
အခုထုတ်ပြန်တဲ့ အမိန့်ဟာ အယ်လ်အေနဲ့ ဆန်တီယာဂို အပါအဝင် ပြည်နယ်မှာ နေထိုင်သူ ၉၄ ရာခိုင်နှုန်းအပေါ် သက်ရောက်ကြောင်း သိရပါတယ်။
အမေရိကန် နိုင်ငံမှာ ပိုးတွေ့ရှိသူ ၁၁.၆ သန်းနဲ့ သေဆုံးသူ ၂၅၁,၀၀၀ ကျော်ကြောင်း ဂျွန်ဟော့ကင်း တက္ကသိုလ်ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
MDN
ကိုးကား - AFP