၁၄ ဒီဇင်ဘာ
ဆော်ဒီအာရေဗျနိုင်ငံ ပင်လယ်နီကမ်းရိုးတန်းရှိ ဂျက်ဒါးဆိပ်ကမ်းမြို့ တွင် သင်္ဘောတစ်စင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ယနေ့ထုတ်ပြန်သော သတင်းများအရ သိရသည်။
ယမန်နေ့က ရေနံတင်သင်္ဘောတစ်စင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်ကိုတွေ့ရှိခဲ့သည်ဟု ရေကြောင်းထောက်လှမ်းရေး ကုမ္ပဏီတစ်ခုဖြစ်သည့် Dryad Global က ၎င်း၏ဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသည်။
ဆော်ဒီဂျက်ဒါးဆိပ်ကမ်းတွင် ရေနံတင်သင်္ဘော ကျောက်ချရပ်နားချိန်အတွင်း လုပ်ငန်းများ လုပ်ဆောင်နေစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု ထိုကုမ္ပဏီက ဆိုသည်။
အဆိုပါပေါက်ကွဲမှု ဖြစ်ပွားရသည့်အကြောင်းရင်းကိုမူ ဖော်ပြခြင်းမရှိပေ။
ဗြိတိန်တော်ဝင်ရေတပ်အောက်ရှိ အဖွဲ့အစည်းတစ်ခုဖြစ်သည့် ယူနိုက်တက်ကင်းဒမ်း ရေကြောင်းကုန်သွယ်ရေးလုပ်ငန်းများက ထိုဒေသရှိသင်္ဘောများကို သတိထားလေ့ကျင့်မှုပြုလုပ်ကြရန် တိုက်တွန်းထားပြီး ယင်းပေါက်ကွဲမှုနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်ကြရန် ပြောကြားခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို