၁၅ ဒီဇင်ဘာ
ဂျာမနီနိုင်ငံက ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး ကူးစက်မှု များနေတဲ့အတွက် ဉရောပသမဂ္ဂကနေ ဗိုင်းရပ်စ်ရောဂါ ကာကွယ်ဆေး အသုံးပြုခွင့်ပေးရန် တိုက်တွန်းထားကြောင်း ဒီနေ့(အင်္ဂါနေ့) ထုတ် သတင်းတွေအရ သိရပါတယ်။
ဂျာမနီဝန်ကြီးချုပ်ရုံးနဲ့ ဂျာမနီ ကျန်းမာရေးဝန်ကြီးဌာနတို့က ဉရောပဆိုင်ရာ ဆေးဝါး စည်းမျဉ်း စည်းကမ်း အဖွဲ့ကနေ Pfizer-BioNTech ဆေးကုမ္ပဏီတို့မှ ထုတ်လုပ်ထားတဲ့ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး ကာကွယ်ဆေးအား မူလ သတ်မှတ်ရက် ဒီဇင်ဘာ ၂၉ ရက်အစား ဒီဇင်ဘာ ၂၃ ရက်နေ့မှာ သုံးစွဲခွင့် ခွင့်ပြုပေးစေချင်ကြောင်း တိုက်တွန်းထားပါတယ်။
ဂျာမန် ဆေးကုမ္ပဏီ BioNTech ကာကွယ်ဆေးအား ဉရောပသမဂွက အသုံးပြုခွင့်ပေးရန် နှောင့်နှေးခြင်းအပေါ် ဂျာမနီက စိတ်အနှောက်အယှက် ပိုဖြစ်ရတယ်လို့ ဂျာမနီသတင်းစာ Bild မှာ ရေးသားထားပါတယ်။
ဂျာမနီနိုင်ငံမှာ ဗိုင်းရပ်စ်ပိုးကူးစက်မှု ထိန်းချုပ်ရန် ဒီဇင်ဘာ ၁၆ ရက်နေ့ကစပြီး တစ်နိုင်ငံလုံးအား အသွားအလာ ကန့်သတ်မှု အချို့ လုပ်ဆောင်မှာဖြစ်ရာ အရေးမကြီးတဲ့ ပစ္စည်းအရောင်းဆိုင်တွေနဲ့ ကျောင်းတွေပါ ပိတ်ထားရမှာဖြစ်ပါတယ်။
Pfizer-BioNTech ထုတ် ကာကွယ်ဆေးကို အမေရိကန်နိုင်ငံမှာ တနင်္လာနေ့စပြီး ထိုးနှံပေးတဲ့နေ့မှာ သေဆုံးသူ ၃ သိန်းကျော်သွားတာကို တွေ့ရပါတယ်။
ဂျာမနီနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး ကူးစက်ခံရသူ ၁,၃၅၇,၁၄၁ ဦးနဲ့ သေဆုံး ၂၂,၈၈၇ ဦးရှိကြောင်း ဒီနေ့ထုတ်ပြန်ချက်အရ သိရပါတယ်။
MDN
ကိုးကား -AFP