ကျောင်းကုန်း၊   ၁၉   ဇန်နဝါရီ

 

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်  ကျောင်းကုန်းမြို့နယ်  အမှတ်(၃)ရပ်ကွက် တာဦးဈေးအတွင်း နှာခေါင်းစည်းစနစ်တကျတပ်ဆင်စေရေး ဇန်နဝါရီ  ၁၉  ရက် နံနက် ၇ နာရီခွဲက ပြည်သူများအား နှာခေါင်းစည်းများ ဖြန့်ဝေပေးခဲ့ကြသည်။

 

mdn

 

ကျောင်းကုန်းမြို့တွင် ယနေ့ အချိန်အထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း(၇၅)ဦးရှိကြောင်း၊ မြို့နယ်အတွင်း(၅၃)ဦးနှင့် မြို့နယ်ပြင်ပ(၂၂)ဦး ဖြစ်ကြောင်း၊ ဆေးရုံဆင်းခွင့်ရရှိသူ(၇၄)ဦးရှိပြီး သေဆုံးလူနာ(၁)ဦးဖြစ်ကြောင်း ကျန်းမာရေးဌာနမှ   သိရသည်။

 

နှာခေါင်းစည်း ဖြန့်ဝေရာသို့ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးဝင်း၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးခင်အောင်ဆွေ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်စွာလင်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးအဖွဲ့များက တာဦးဈေးအတွင်းရှိ ဈေးသည်ဈေးဝယ်များနှင့် လမ်းသွားလမ်းလာများအား နှာခေါင်းစည်းများ ဖြန့်ဝေပေးခဲ့ကြသည်။

 

ဆက်လက်၍ ကျောင်းကုန်းမြို့ထိပ် စစ်ဆေးရေးဂိတ်၌ လမ်းသွားလမ်းလာ ပြည်သူများအား နှာခေါင်းစည်းများ ထပ်မံဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

ဝင်းကြိုင်(ပြန်/ဆက်)