ထိုင်းနိုင်ငံတွင် သက်ကြီးရွယ်အိုများကို တရုတ်ကိုဗစ်-၁၉ ကာကွယ်ဆေးထိုး

ဘန်ကောက် ၈ မေ

 

ထိုင်းနိုင်ငံတွင် အသက်၆ဝနှင့်အထက် သက်ကြီးရွယ်အိုများကို တရုတ်နိုင်ငံ ဆီနိုဗက်ဇီဝ ဆေးဝါးကုမ္ပဏီမှ ထုတ်လုပ်လိုက်သော ကိုဗစ်-၁၉ ကာကွယ်ဆေးကို စတင်ထိုးနှံပေးတော့မည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးချုပ်နှင့် ပြည်သူ့ကျန်းမာရေးဝန်ကြီး အနုတင်ချန်ဗီရာ ကူးလ်က မေ ၇ ရက်က ပြောကြားလိုက်သည်။

 

အမျိုးသားကူးစက်ရောဂါ ကော်မတီက တရုတ် ကိုဗစ်-၁၉ ကာကွယ်ဆေးကို အသက် ၆၀ ကျော် အရွယ်များတွင် ထိုးပေးရန် အတည် ပြုခဲ့ပြီးနောက်အနူတင်က သတင်းစာရှင်းလင်း ပွဲတွင် ထိုသို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

 

ယခုလအတွင် အစိုးရသည် ကိုဗစ်-၁၉ ကာကွယ်ဆေး ၂ ဒသမ ၅ သန်း ထိုးပေးရန် စီစဉ်ထားကြောင်း အနူတင်ကပြောကြားလိုက် သည်။ ထို့အပြင် မြို့တော် ဘန်ကောက်တွင် ကာကွယ်ဆေးထိုးနေရာပေါင်း ၈၂ ခုနှင့် တခြားပြည်နယ်များတွင် ကာကွယ်ဆေးထိုး နေရာပေါင်း ၃ဝဝ နီးပါးကို ကြိုတင်ပြင်ဆင်ခဲ့သည်။

 

ကိုဗစ်-၁၉ စတင်ကူးစက်ဖြစ်ပွားချိန်က တည်းမှစကာ ပြင်းထန်ကိုဗစ်-၁၉ လူနာများ များပြားလာပြီးနောက် ဒုတိယဝန်ကြီးချုပ်က ယခုလို ပြောကြားလိုက်ခြင်း ဖြစ်သည်။ | အရှေ့တောင်အာရှနိုင်ငံ တစ်နိုင်ငံဖြစ်သော ထိုင်းနိုင်ငံသည် ၎င်း၏ တစ်နိုင်ငံလုံး အဆင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးခြင်း အစီအစဉ်ကို ဖေဖော်ဝါရီလက စတင်ခဲ့ပြီး နိုင်ငံ လူဦးရေ၏ ၇၀ ရာခိုင်နှုန်းကို ယခုနှစ်မကုန်မီ အတွင်း ကာကွယ်ဆေးထိုးပေးနိုင်ရန် ရည်မှန်း ထားကြောင်း သိရသည်။

 

ဆင်ဟွာ