ဇွန် ၂၃
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၄၈၄၆ ဦး ထပ်မံ တွေ့ရှိသောကြောင့် ရောဂါကူးစက်ခံရသူစုစုပေါင်း ၈၆၁၁၅၀ ရှိလာသည်။
အဆိုပါရောဂါ ကူးစက်ခံရမှုကြောင့် ၇၆ ဦး ထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူပေါင်း ၁၃၇၀၂ ဦး ရှိသည်။
နိုင်ငံတစ်ဝန်းတွင် ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူစုစုပေါင်း ၇၈၈၃၈၅ ဦး ရှိသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဧပြီ ၇ ရက်က ကိုဗစ်-၁၉ ရောဂါကူးစက်သူ ၇၆၂၆ ဦးရှိသဖြင့် ထိုနေ့သည် ရောဂါနေ့စဉ် ကူးစက်မှုတွင် အမြင့်ဆုံးနေ့ ဖြစ်သည်။
ဧပြီ ၁၉ ရက်က ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် ၁၁၂ ဦး သေဆုံးခဲ့ရာ သေဆုံးမှုအများနေ့ ဖြစ်သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို