ဂျေရုဆလင် ဩဂုတ် ၃၁
အစ္စရေးနိုင်ငံတွင် ဩဂုတ် ၂၉ ရက်ကကိုဗစ်-၁၉ကာကွယ်ဆေး ထိုးနိုင်သည့် အသက်အပိုင်းအခြားကို အသက် ၃၀ မှ ၁၂ နှစ်အထိ သတ်မှတ်ခဲ့သည်ဟု သိရသည်။
ဒုတိယအကြိမ် ကာကွယ်ဆေးထိုးပြီး ငါးလအကြာတွင် တတိယအကြိမ် ကာကွယ်ဆေးထိုးနိုင်သည်ဟု ကျန်းမာရေး ဝန်ကြီးဌာနက ပြောသည်။ အစ္စရေးနိုင်ငံသည် ဩဂုတ် ၁ ရက်မှစတင်ကာ ကိုဗစ်- ၁၉ ကာကွယ်ဆေး တတိယအကြိမ် ထိုးနှံပေးမှုကို စတင်ခဲ့သည်။
ကနေဦးတွင် အသက် ၆၀ နှစ်နှင့် အထက်များကိုသာ တတိယအကြိမ် ကာကွယ်ဆေးထိုးပေးခဲ့ပြီး ယင်းနောက်မှစကာ တတိယအကြိမ် ကာကွယ်ဆေးထိုးနိုင်သည့် အသက်အပိုင်းအခြားကို တဖြည်းဖြည်းချင်း လျှော့ချခဲ့သည်။
ကျောင်းဆရာများ၊ ကျန်းမာရေးလုပ်သားများနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများမှာလည်း ကိုဗစ်-၁၉ ကာကွယ်ဆေး တတိယအကြိမ် ထိုးနိုင်ခွင့်ရှိသည်။ ယခု အချိန်အထိ အစ္စရေးနိုင်ငံအတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေးတတိယအကြိမ် ထိုးနှံပြီးသူအရေအတွက် မှာ ၁ ဒသမ ၉၆ သန်းရှိသည်။ ပထမအကြိမ် ကာကွယ်ဆေးထိုးပြီးသူ ၅ ဒသမ ၆၅ သန်းရာခိုင် နှုန်းဖြင့်တွက်လျှင် ၆၃ ဒသမ ၈ ရာခိုင်နှုန်းနှင့် နှစ်ကြိမ်ကာကွယ်ဆေးထိုးပြီးသူ ၅ ဒသမ ၄၇ သန်း ရှိသည်။
ဆင်ဟွာ