အထက်မင်းလှ နိုဝင်ဘာ ၁၆

 

မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လက်ရက်ကန်းသင်တန်းဆင်းပွဲကို နိုဝင်ဘာ ၁၅ ရက်က မင်းလှမြို့နယ် သဖန်းချောင်းကျေးရွာ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အခမ်းအနားတွင် မင်းလှမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က    ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများရရှိစေရန် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရန်၊ အသက်မွေးဝမ်းကျောင်း အတတ်ပညာဖြင့် မိသားစုအပိုဝင်ငွေရရှိစေရန် ရည်ရွယ်၍ လက်ရက်ကန်းသင်တန်း ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ သင်တန်းတွင် သင်ကြားခဲ့သည့် အတတ်ပညာကို လက်တွေ့အသုံးချ၍ မိသားစုအပိုဝင်ငွေရရှိရေး ဆောင်ရွက်ကြရန် ပြောကြားသည်။ 

 

ထို့နောက် တာဝန်ရှိသူများက သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကာ သင်တန်း နည်းပြများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။ 

 

အဆိုပါ လက်ရက်ကန်းသင်တန်းတွင် သင်တန်းသူ ၁၅ ဦးအား နိုဝင်ဘာ ၂ ရက်မှ ၁၅ ရက်နေ့အထိ ရက်သတ္တပတ် ၂ ပတ်ကြာ စာတွေ့လက်တွေ့ သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ဇာဇာ(အထက်မင်းလှ)