နေပြည်တော် နိုဝင်ဘာ ၁၈
သုတဝေဖြာသီရိဂေဟာ မိသားစုပြိုင်ပွဲ အသိပညာပေးအစီအစဉ် (Family Quiz) ပွဲစဉ် (၄၁) ကို နိုဝင်ဘာ ၁၉ ရက်၊ ညနေတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဆက်လက်ထုတ်လွှင့် မည်ဖြစ်သည်။
အဆိုပါ ကိုဗစ်-၁၉ဆိုင်ရာ အသိပညာပေး အစီအစဉ်ကို မော်ဒယ်သရုပ်ဆောင် စိုးသီဟ နှင့် ဂျေနောတို့က တင်ဆက်ကြမည်ဖြစ်ပြီး လူရွှင်တော်အသင်းနှင့် ကိုလူချောတို့အဖွဲ့မှ မိသားစုများက ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ရာ ယင်းပြိုင်ပွဲများကို နိုဝင်ဘာ (၁၉ ၊ ၂၀ ၊ ၂၁) ရက်နေ့များတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ ညနေ(၆)နာရီ သတင်းအပြီး၌ ထုတ်လွှင့်ပြသသွားမည် ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)