နယူးယောက် ဖေဖော်ဝါရီ ၂၄
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ကုလသမဂ္ဂသည် ကမ္ဘာ့အဖွဲ့ အစည်းကြီးတစ်ခုအနေဖြင့် ယူကရိန်းပဋိပက္ခနှင့် ပတ်သက်ပြီး ငြိမ်းချမ်းသော အဖြေတစ်ခုရှာတွေ့ရန်ဘယ်တော့မှ လက်လျှော့သွားမည် မဟုတ်ကြောင်း ပြောကြားလိုက်သည်။
မိမိတို့သည် ငြိမ်းချမ်းရေးအတွက် အတူတကွ စိန်ခေါ်မှုများကို ရင်ဆိုင်ကြရမည်ဖြစ်ကြောင်းနှင့် ယူကရိန်းပြည်သူများကို ကယ်တင်သွားကြရမည် ဖြစ်ကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က နယူးယောက်ရှိ ကုလသမဂ္ဂဌာနချုပ်တွင် သတင်းထောက်များကို ပြောကြားလိုက်သည်။ ။
ဆွေးနွေးမှုနှင့် ညှိနှိုင်းမှုလမ်းကြောင်းကို ပြန်လျှောက်ရန် အကောင်းဆုံးအချိန်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြား လိုက်သည်။
ထို့အပြင် နောက်ထပ်သွေးထွက်သံယိုကိစ္စရပ်များ ဖြစ်ပွားခြင်းမရှိဘဲ ပဋိပက္ခကို အကောင်းဆုံး ဖြေရှင်းနိုင်ရန် အားထုတ်သွားမည် ဖြစ်ကြောင်းလည်း ပြောကြားလိုက်သည်။ ။
ကမ္ဘာ့ဇာတ်ခုံပေါ်က နောက်ဆုံးအရေးတစ်ခု ဖြစ်သည့် ယူကရိန်းအရေးနှင့် ပတ်သက်ပြီး အကျပ်တွေ့နေကြောင်း ကုလသမဂ္ဂအကြီးအကဲက ပြောကြားသည်။
ဆင်ဟွာ