ကျောက်ဖြူ   ဧပြီ   ၁၆

 

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာသင်္ကြန်အတက်နေ့ ယနေ့တွင် ရေပက်ကစားသူများ၊ ရေပက်ခံကားများ၊ ရေပက်ခံထွက်သူများဖြင့် အထူးစည်ကားလျက်ရှိသည်။

 

ကျောက်ဖြူမြို့တွင် သင်္ကြန်အတက်နေ့၌ ဗဟိုမဏ္ဍပ်တွင် ခေတ်ပေါ်တေးဂီတများနှင့်အတူ ရခိုင်အဆိုတော် တေးသံရှင်များ၊ ယိမ်းအကအဖွဲ့များမှ ကပြဖျော်ဖြေ တင်ဆက်ခြင်း၊ သင်္ကြန်ချစ်သူများနှင့် ရေကစားကြသူ များကို စတုဒီသာ အကျွေးအမွေးခြင်းဖြင့် ဧည့်ခံကျွေးမွေးခြင်းများအပြင် ရပ်ကွက်အသီးသီးတွင်လည်း မဏ္ဍပ်များဆောက်လုပ်၍ မိသားစုများ၊ အသင်းအဖွဲ့များ၊ မိတ်ဆွေသူငယ်ချင်းများ စုပေါင်း၍ ရေပက်ခံ ထွက်သူများအား ရေပက်ကစားကြကာ အေးချမ်းပျော်ရွှင်စွာ စည်ကားလျက်ရှိသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း