တောင်ကိုရီးယားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ လေးသောင်းကျော် ထပ်မံတွေ့ရှိ

 

ဆိုးလ် မေ ၈

တောင်ကိုရီးယားနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၄၀၀၆၄ ဦး ထပ်မံတွေ့ရှိခြင်းကြောင့် အဆိုပါ ရောဂါကူးစက် ခံရသူစုစုပေါင်း ၁၇၅၄၄၃၉၈ ဦးရှိလာကြောင်း တောင်ကိုရီးယား ကျန်းမာရေးအာဏာပိုင်များက မေ ၈ ရက်တွင် ပြောကြားသည်။

သေဆုံးသူပေါင်း ၂၃၃၆၀ ရှိ

တောင်ကိုရီးယားနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၇၁ ဦး ထပ်မံတွေ့ရှိခြင်းကြောင့် နိုင်ငံတစ်ဝန်းတွင် အဆိုပါရောဂါဖြင့် သေဆုံးသူပေါင်း ၂၃၃၆၀ ရှိလာကြောင်း တောင်ကိုရီးယား ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ် ရေးအေဂျင်စီက ပြောကြားသည်။ အဆိုပါတစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူအရေ အတွက်သည် နိုင်ငံအတွင်း သေဆုံးသူစုစုပေါင်း၏ သုည ဒသမ ၁၃ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

တောင်ကိုရီးယားနိုင်ငံ၌ နိုင်ငံလူဦးရေ၏ ၈၆ ဒသမ ၈ ရာခိုင်နှုန်း သို့မဟုတ် ၄၄၅၅၅၅၁၁ ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပေး ပြီးဖြစ်ကြောင်းနှင့် လူဦးရေ ၃၃၁၇၇၄၂၅ ဦး သို့မဟုတ် နိုင်ငံလူဦးရေ၏ ၆၄ ဒသမ ၇ ရာခိုင်နှုန်းအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတတိယအကြိမ် အပိုဆောင်းထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။ 

ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အလင်းသစ်