မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃၃၂၁ ဦး ထပ်မံတွေ့ရှိ

မေ ၁၂

 

မလေးရှားနိုင်ငံတွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃၃၂၁ ဦး ထပ်မံတွေ့ရှိခဲ့ပြီး ရောဂါကူးစက်ဖြစ်ပွားသူပေါင်း ၄၄၆၇၀၆၁ ဦး ရှိလာသည်ဟု ကျန်းမာရေးဝန်ကြီးဌာနကဆိုသည်။

 

ထိုရောဂါထပ်မံကူးစက်ဖြစ်ပွားသူများအနက် ၃၃၁၁ ဦးသည် ပြည်တွင်းကူးစက်မှုဖြစ်ပြီး ပြည်ပကူးစက်မှု ၁၀ ဦးရှိကြောင်း ထိုဝန်ကြီးဌာန၏ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

 

အဆိုပါရောဂါကူးစက်ခံရမှုကြောင့် ရှစ်ဦးထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူပေါင်း ၃၅၅၉၈ ဦး ရှိသည်။

 

ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသဖြင့် ဆေးရုံအသီးသီးမှဆင်းလာသူပေါင်း ၄၄၀၆၆၁၃ ဦး ရှိသည်ဟု ထိုဝန်ကြီးဌာနက ဖော်ပြထားသည်။

 

နိုင်ငံတစ်ဝန်းတွင် ကိုဗစ်ရောဂါကူးစက်ဖြစ်ပွားဆဲလူနာ ၂၄၈၅၀ ဦး ရှိပြီး ၅၉ ဦးသည် အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူလျက်ရှိသည်။

 

နိုင်ငံ့လူဦးရေ၏ ၈၅ ဒသမ ၂ ရာခိုင်နှုန်းအား ကိုဗစ်ကာကွယ်ဆေး အနည်းဆုံးတစ်ကြိမ်ထိုးနှံပေးပြီးကြောင်း၊ ၈၂ ဒသမ ၂ ရာခိုင်နှုန်းအား ကိုဗစ်ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံပေးပြီးဖြစ်ကြောင်းနှင့် ၄၉ ဒသမ ၂ ရာခိုင်နှုန်းအား ကိုဗစ်ကာကွယ်ဆေးအပိုဆောင်းထိုးနှံပေးဖြစ်ကြောင်း သိရသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို