နောက်ခံလူ ချီယယ်လီနီ ဂျူဗင်တပ်အသင်းမှ ထွက်ခွာတော့မည်

အီတလီနောက်တန်းကစားသမား ချီယယ်လီနီဟာ ဂျူဗင်တပ်အသင်းနဲ့အတူ ၁၇ နှစ်ကြာ လက်တွဲ ခဲ့ပြီးနောက် အခုဘောလုံးရာသီ ကုန်ချိန်မှာတော့ အသင်းမှ ထွက်ခွာတော့မှာဖြစ်တယ်လို့ အတည်ပြု ပြောကြားခဲ့ပါတယ်။

အသက် ၃၇ နှစ်အရွယ်ရှိ ချီယယ်လီနီဟာ ၂၀၀၅ ခုနှစ်က ဖီအိုရင်တီးနားအသင်းကနေ ဂျူဗင်တပ်  အသင်းဆီ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အဲဒီအချိန်ကစပြီး လက်ရှိအချိန်အထိ ဂျူဗင်တပ် အသင်းနဲ့အတူ အီတလီစီးရီးအေဖလား ကိုးကြိမ်နဲ့ ကိုပါအီတာလီယာဖလား ငါးကြိမ်တို့ကို ရယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ချီယယ်လီနီဟာ ဇွန်လအတွင်း ဝင်ဘလေကွင်း၌ ယှဉ်ပြိုင်ကစားမယ့် အီတလီနဲ့ အာဂျင်တီးနားတို့ ပွဲစဉ်ပြီးပါက နိုင်ငံ့လက်ရွေးစင်ကစားသမားဘဝကနေ အနားယူတော့မှာဖြစ်တယ်လို့လည်း ကြေညာ ထားပြီး ဖြစ်ပါတယ်။ ချီယယ်လီနီဟာ ၂၀၀၄ ခုနှစ်က အီတလီလက်ရွေးစင်အသင်းနဲ့အတူ စတင် ပွဲထွက်ကစားခဲ့ပြီး ယူရို ၂၀၂၀ ပြိုင်ပွဲမှာ အီတလီအသင်းအတွက် ချန်ပီယံဆုဖလားရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

ငွေကြယ်