ကဆုန်လပြည့်(ဗုဒ္ဓနေ့)  မဟာမြတ်မုနိဘုရား ရောင်တော်ဖွင့်ပွဲနှင့် ညောင်ရေသွန်းလောင်းပွဲ မွန်ပြည်နယ် ၀န်ကြီးချုပ် တက်ရောက်

မော်လမြိုင် မေ ၁၄

၁၃၈၄ ခုနှစ် ကဆုန်လပြည့် (ဗုဒ္ဓနေ့) မွန်ပြည်နယ် မော်လမြိုင်မြို့၏ ကျက်သရေဆောင် ဆုတောင်းပြည့် မဟာမြတ်မုနိ ဘုရားကြီး သွန်းလောင်းတော်မူသော (၁၁၈) နှစ်မြောက် ရက်မြတ် မင်္ဂလာ ရောင်တော်ဖွင့် ပူဇော်ပွဲ အခမ်းအနားသို့ ပြည်နယ်၀န်ကြီးချုပ် တက်ရောက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို၍ ဘုရားရှင်အား ပူဇော်ကန်တော့ကြကာ ၀န်ကြီးချုပ် ဦးဇော်လင်းထွန်းက မဟာမြတ်မုနိ ဘုရားကြီးအား မျက်နှာသစ်တော်ရေ ဆက်ကပ်ပူဇော်ပြီး အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်က မျက်နှာသုတ်ပုဝါအား ရှင်တော်မြတ် ဘုရားထံ ဆက်ကပ်ပူဇော်သည်။

ထို့နောက် ကျိုက်သလ္လံစေတီတော်ရှိ မဟာဗောဓိညောင်ပင်၌ ကဆုန်ညောင်ရေသွန်းလောင်း ပူဇော်ပွဲကို ကျင်းပရာ နမောတဿ သုံးကြိမ် ရွတ်ဆို၍ ဘုရားကန်တော့ ဖွင့်လှစ်ပြီး  မဟာဗောဓိညောင်ပင်၌  ၀တ်အသင်းအဖွဲ့များက ညောင်ရေသွန်းလောင်း ကြွေးကြော်သံ ဂါထာတော်များ ရွတ်ဖတ်ပူဇော်ကြသည်။

ထိုနောက် ၀န်ကြီးချုပ်နှင့်အဖွဲ့၀င်များ၊ တိုင်းမှူးနှင့်အဖွဲ့၀င်များက မဟာဗောဓိ ညောင်ပင်အား အမွှေးနံ့သာရေများ ပက်ဖျန်းပူဇော်၍ ညောင်ရေသွန်းလောင်းကာ ဗုဒ္ဓသာသနာ စိရံတိဠတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)