ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်

 (၂၀၂၂ ခုနှစ်၊ မေလ (၁၇)ရက်နေ့၊  နံနက်(၁၀:၃၀)နာရီအချိန်ထုတ်ပြန်ချက်)

=================

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေမှာ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတို့တွင် မုတ်သုံလေအားအသင့်အတင့်ရှိနေပြီး ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အနည်းငယ်မှ  တိမ်အသင့်အတင့်ဖြစ်ထွန်းနေပါသည်။

ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်‌လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်

ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်

မိုးလေ၀သအ‌ခြေအနေ။ နေရာအနှံ့အပြားမိုးထစ်ချုန်းရွာပြီး၊ နေရာကွက်၍ မိုးကြီးနိုင်ပါသည်။

အမြင်တာ။                   (၃)မိုင်၊ မိုးရွာစဉ် (၁)မိုင်အောက်။

ရေပြင်လေ။                  တောင်(သို့)အနောက်တောင်၊ တစ်နာရီပင်လယ်မိုင် (၅-၁၀)မိုင်၊ တစ်ခါတစ်ရံ(၂၅)မိုင်။

လှိုင်းအ‌ခြေအနေ။       လှိုင်းအသင့်အတင့်ရှိမည်။

လှိုင်းအမြင့်။                 (၆)ပေမှ (၈)ပေခန့်။

ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်

ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက်

မိုးလေ၀သအ‌ခြေအနေ။            နေရာစိပ်စိပ် မိုးထစ်ချုန်းရွာမည်။

အမြင်တာ။                   (၄)မိုင်၊ မိုးရွာစဉ် (၁)မိုင်အောက်။

ရေပြင်လေ။                  တောင်(သို့)အနောက်တောင်၊ တစ်နာရီပင်လယ်မိုင် (၅-၁၀)မိုင်၊ တစ်ခါတစ်ရံ(၂၅)မိုင်။

လှိုင်းအ‌ခြေအနေ။        လှိုင်းအသင့်အတင့်ရှိမည်။

လှိုင်းအမြင့်။                 (၆)ပေမှ (၈)ပေခန့်။

မိုး/ဇလ