အာဖဂန်နစ္စတန်နိုင်ငံမြောက်ပိုင်း မြေပြိုမှုကြောင့် လူလေးဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရ

မေ ၁၇

 

အာဖဂန်နစ္စတန်နိုင်ငံမြောက်ပိုင်း ဘက်ဒက်ရှန်ပြည်နယ်ရှိ ကျေးရွာတစ်ရွာတွင် မြေပြိုမှုဖြစ်ပွားခဲ့သဖြင့် လူလေးဦးသေဆုံးပြီး အခြားနှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ပြည်နယ်အစိုးရအဖွဲ့တာဝန်ရှိသူ မော်လဝီမိုဟာမက်အာခမ်က ယနေ့တွင် ပြောကြားသည်။

 

အဆိုပါမြေပြိုမှုသည် ရာဝမ်ခရိုင် ရှိုလာအီပါယန်ကျေးရွာတွင် ယမန်နေ့ညနေပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ထိုတာဝန်ရှိသူကဆိုသည်။

 

ဒေသန္တရအာဏာပိုင်များက ယင်းမြေပြိုမှုကြောင့် ထိခိုက်ခဲ့သော မိသားစုဝင်များအား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့မှုများ ပေးအပ်ရန်ကြိုးစားနေကြောင်း ၎င်းက ထပ်လောင်းပြောသည်။

 

ထိုမြေပြိုမှုကြောင့် မိသားစုသုံးစု ထိခိုက်ခဲ့ပြီး  ထိခိုက်သေဆုံးသူအရေအတွက် ပိုမိုများပြားလာနိုင်သည်ဟု ဒေသခံများကဆိုသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို