မေ ၁၇
မလေးရှားနိုင်ငံတွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၆၉၇ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ရောဂါကူးစက်ခံရသူပေါင်း ၄၄၇၉၈၀၉ ဦး အထိ ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။
အဆိုပါရောဂါကူးစက်ခံရများအနက် ပြည်ပကူးစက်မှုမရှိပဲ ကူးစက်ဖြစ်ပွားသူ ၁၆၉၇ ဦးစလုံး ပြည်တွင်းကူးစက်မှုဖြစ်သည်ဟု ထိုဝန်ကြီးဌာန၏ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
ထိုရောဂါကူးစက်ခံရမှုကြောင့် ငါးဦးထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူပေါင်း ၃၅၆၂၀ ရှိလာသည်။
ကိုဗစ်ကူးစက်ခံရသူများသည် ဆေးကုသမှုခံယူပြီး ကျန်းမာရေးပြန်လည်ကောင်းမွန်လာသဖြင့် ဆေးရုံအသီးသီးမှ ဆင်းသွားသူပေါင်း ၄၄၁၃၃၁၀ ဦးရှိသည်ဟု သိရသည်။
နိုင်ငံတစ်ဝန်းတွင် ကိုဗစ်ရောဂါကူးစက်ဖြစ်ပွားဆဲလူနာ ၃၀၈၇၉ ဦး ရှိပြီး အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူနေသူဦးရေ ၄၀ ရှိသည်။
နိုင်ငံ့လူဦးရေ၏ ၈၅ ဒသမ ၄ ရာခိုင်နှုန်းအား ကိုဗစ်ရောဂါကာကွယ်ဆေးအနည်းဆုံးတစ်ကြိမ်ထိုးနှံပေးခဲ့ကြောင်း၊ ၈၂ ဒသမ ၅ ရာခိုင်နှုန်းအား ကိုဗစ်ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံပေးကြောင်းနှင့် ၄၉ ဒသမ ၂ ရာခိုင်နှုန်းအား ကိုဗစ်ကာကွယ်ဆေးအပိုဆောင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို