ထားဝယ်မြို့၌ လုပ်ငန်းခွင်မပျက်(On Job Training) စာရင်းရေး စာရင်းကိုင်သင်တန်း   ဖွင့်လှစ်

ထားဝယ် မေ ၁၆

တနင်္သာရီတိုင်းဒေသကြီး သမဝါယမဦးစီးဌာန၊ ထားဝယ်မြို့၌လုပ်ငန်းခွင်မပျက်(On Job Training) စာရင်းရေးစာရင်းကိုင် သင်တန်း အမှတ်စဉ် (၁/၂၀၂၂)ဖွင့်ပွဲကိုယနေ့နံနက်ပိုင်းတွင်ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။

ဖွင့်ပွဲတွင်တိုင်းဒေသကြီး သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်စိုးမင်းက ဦးစီးဌာနရှိသင်တန်း နည်းပြဝန်ထမ်း များအနေဖြင့် ကိုယ်စွမ်း ဉာဏ်စွမ်း ရှိသမျှ သင်ကြားပြသပေးရန်လိုအပ်ကြောင်း၊ သင်တန်းများအနေဖြင့်လည်း သင်တန်း မှ ပို့ချပေးသော ဘာသာရပ်များကိုစိတ်ပါဝင်စားစွာ သင်ယူလေ့လာသွားရန်လိုအပ်ကြောင်းပြောကြားသည်။ 

သင်တန်းတွင်တိုင်းဒေသကြီးနှင့်မြို့နယ်ရုံးများမှ ဝန်ထမ်းသင်တန်းသားများအား နေ့စဉ်နံနက် ၉ နာရီမှ ၁၂နာရီထိ(၁)လ ကြာစာတွေ့လက်တွေ့သင်ကြားပို့ချပေးမှာဖြစ်ကြောင်းသိရသည်။

 ရွှေပင်လယ်(ထားဝယ်)