တရားမဝင်သစ် စုစုပေါင်း (၁၅၀ ဒသမ ၆၈၁၁)တန်  ဖမ်းဆီးရမိ

နေပြည်တော်  မေ ၁၇

နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီး၌ ၂၀၂၂ ခုနှစ် မေ ၉ ရက်မှ ၁၅ ရက်အတွင်း တရားမဝင်သစ် စုစုပေါင်း (၁၅၀ ဒသမ ၆၈၁၁)တန် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

တရားမဝင် ကျွန်းသစ် (၄၉ ဒဿမ ၁၀၃၉) တန်၊ သစ်မာ (၄၀ ဒသမ ၆၉၅၈)တန်နှင့် အခြား (၆၀ ဒသမ ၈၈၁၄)တန်ကို တရားခံ (၂၄)ဦး၊ ယာဉ်/ ယန္တရား (၁၂)စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးရမိမှုများအနက် အများဆုံး ဖမ်းဆီးရမိမှုမှာ ဘိုင်းဒါး ကြိုးဝိုင်း၊ အကွက်အမှတ်(၁၀၈)မှ ဖြစ်သည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနသည် ပြည်သူပူးပေါင်း ပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် (Community Monitoring and Reporting System- CMRS) အပါအဝင် နည်းလမ်းမျိုးစုံဖြင့် တရားမဝင် သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေး လုပ်ငန်းစဉ်များကို အကောင် အထည်ဖော်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်