အခြေခံလျှပ်စစ် သံဂဟေဆက်နည်းပညာ (TOT)သင်တန်းဖွင့်လှစ်

နေပြည်တော် မေ ၁၇

အခြေခံလျှပ်စစ် သံဂဟေဆက်နည်းပညာ(TOT)သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲတွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အမှာစကားပြောကြားသည်။

အဆိုပါသင်တန်းတွင် သင်ကြားပို့ချမည့် ဘာသာရပ်များအနေဖြင့် History of Welding ၊ Safety & Protection Equipment ၊ Welding Joint ၊ Selection of Welding Electrode ၊ SMAW-Shield Metal Arc Welding (Stick Welding) ၊ တေ့ဆက် (Butt Joint) ၊ တီပုံအဆက် (T-joint)၊ ထပ်ဆက် (Lap joint) ၊ ထောင့်ဆက် (Corner Joint) ၊ အနားစောင်းအဆက် (Edge Joint) နည်းပညာများကို မေလ ၁၇ ရက်မှ ၃၁ ရက်အထိ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေး သွားမည်ဖြစ်ကြောင်း သိရသည်။ 

သတင်းစဉ်