မေ ၁၉
တောင်ကိုရီးယားနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၈၁၃၀ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ကိုဗစ်ရောဂါကူးစက်ဖြစ်ပွားသူပေါင်း ၁၇၈၈၉၈၄၉ ဦးအထိ မြင့်တက်လာသည်ဟု ကျန်းမာရေးအာဏာပိုင်များက ယနေ့တွင်ပြောကြားသည်။
ပြီးခဲ့သည့်နေ့ကကိုဗစ်ရောဂါကူးစက်ခံရသူ ၃၁၃၅၂ ဦးရှိရာမှ ရောဂါ နေ့စဉ်ကူးစက်မှုလျော့ကျခဲ့ခြင်း ဖြစ်ကြောင်း ကိုရီးယားရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်ရေးအေဂျင်စီ၏ ပြောကြားချက်အရ သိရသည်။
အဆိုပါရောဂါထပ်မံကူးစက်ခံရသူများအနက် ၁၅ ဦးသည် ပြည်ပကူးစက်မှုဖြစ်ကြောင်းနှင့် ပြည်ပကူးစက်မှုပေါင်း ၃၂၄၁၄ ဦး ရှိလာကြောင်း ဖော်ပြထားသည်။
ထိုရောဂါကူးစက်ခံရမှုကြောင့် ၄၀ ဦး ထပ်မံသေဆုံးခဲ့ရာ သေဆုံးသူပေါင်း ၂၃၈၄၂ ဦး ရှိလာသည်။
နိုင်ငံ့လူဦးရေ၏ ၈၆ ဒသမ ၈ ရာခိုင်နှုန်းအား ကိုဗစ်ရောဂါကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပေးခဲ့ကြောင်းနှင့် ၆၄ ဒသမ ၈ ရာခိုင်နှုန်းအား ကိုဗစ်ကာကွယ်ဆေးအပိုဆောင်းထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို