အမေရိကန်ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီ Pfizer က ဂျပန်ကလေးငယ်များ တပ်ဆောင်းကာကွယ်ဆေးထိုးနှံရေးအတွက် ခွင့်ပြုချက် လျှောက်ထား

ဝါရှင်တန် ဇွန် ၂၃

 

အမေရိကန် ဆေးဝါးထုတ်လုပ်ရေး ကုမ္ပဏီ Pfizer က ဂျပန်နိုင်ငံရှိ အသက်ငါးနှစ်မှ ၁၁ နှစ်အထိကလေးငယ်များအား ထပ်ဆောင်း ကာကွယ်ဆေးထိုးနှံရာတွင် Pfizer ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအား အသုံးပြုရန် ဂျပန်အစိုးရထံ ခွင့်ပြု ချက် လျှောက်ထားကြောင်း သိရသည်။

 

ယခုနှစ်မတ်လမှစပြီး ဂျပန်နိုင်ငံရှိ အဆိုပါ အသက်အရွယ်အုပ်စုကလေးငယ်များသည် Pfizer ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ထိုးနှံမှုခံယူလျက်ရှိသည်။ လက်ရှိတွင် ကလေးငယ် ၁၆ ဒသမ ၂ ရာခိုင်နှုန်းသည် အဆိုပါ ကာကွယ်ဆေးကို နှစ်ကြိမ်ထိုးနှံမှုခံယူပြီးဖြစ်ကြောင်း သိရသည်။

 

Pfizer ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထုတ်လုပ်ရေးကုမ္ပဏီက ဂျပန်ကလေးငယ်များအား ထပ်ဆောင်း ကာကွယ်ဆေး ထိုးနှံရာတွင် အဆိုပါ ကာကွယ်ဆေးအား အသုံးပြုရန် သုံးစွဲခွင့် ဇွန် ၂၂ ရက်နေ့တွင် လျှောက်ထားခြင်း ဖြစ်သည်။

 

ထပ်ဆောင်းကာကွယ်ဆေးထိုးနှံမှု ခံယူခြင်းသည် အိုမီခရွန်ဗီဇပြောင်း ဗိုင်းရပ်စ်ကူးစက်မှုအား ထိရောက်စွာ  ကာကွယ်ပေးကြောင်း Pfizer ဆေးဝါးကုမ္ပဏီက အခိုင်အမာပြောကြားသည်။

 

Pfizer ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး၏ ရောဂါကာကွယ်ခုခံနိုင်စွမ်းနှင့် အစွမ်းထက်မှုတို့အပေါ် လာမည့်လ အစောပိုင်းတွင် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များနှင့် တိုင်ပင်ဆွေးနွေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ပြောသည်။

 

ကိုးကား- အင်န်အိတ်ချ်ကေ

ဘာသာပြန်- အောင်ကျော်ကျော်