အာဆင်နယ်အသင်းက ပေါ်တိုကွင်းလယ်ကစားသမား ဖေဘီယိုဗီယဲရာကို ပြောင်းရွှေ့ကြေးပေါင် ၃၄ ဒသမ ၂ သန်းဖြင့် စာချုပ်ချုပ်ဆိုခေါ်ယူ

အာဆင်နယ်အသင်းဟာ ပေါ်တိုအသင်းမှ ကွင်းလယ်ကစားသမား ဖေဘီယို ဗီယဲရာကို ပြောင်းရွှေ့ကြေးပေါင် ၃၄ ဒသမ ၂ သန်း(ယူရိုသန်း ၄၀)နဲ့ စာချုပ်ချုပ်ဆို ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ကွင်းလယ်ကစားသမား ဖေဘီယိုဗီယဲရာကို ခေါ်ယူလိုက်ပြီဖြစ်ပေမယ့် အသက် ၂၂ နှစ်အရွယ်ရှိ အဆိုပါကစားသမားရဲ့ ပြောင်းရွှေ့ကြေးကို ကနဦးအနေနဲ့ ပေါင် ၂၉ ဒသမ ၉ သန်း (ယူရို ၃၅ သန်း)ပေးချေမှာ ဖြစ်တယ်လို့ သိရပါတယ်။

အာဆင်နယ်အသင်းဟာ ကွင်းလယ်ကစားသမား ဖေဘီယိုဗီယဲရာကို ကာလရှည်စာချုပ်တစ်ရပ် ချုပ်ဆိုခဲ့တယ်လို့ဆိုပေမယ့် ချုပ်ဆိုခဲ့တဲ့စာချုပ်သက်တမ်းကိုတော့ ဖော်ပြထားခြင်းမရှိခဲ့တာ ဖြစ်ပါတယ်။

ကွင်းလယ်ကစားသမား ဖေဘီယိုဗီယဲရာဟာ ပြီးခဲ့တဲ့ဘောလုံးရာသီက ပေါ်တို အသင်းနဲ့အတူ ၂၇ ပွဲပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ခြောက်ဂိုးသွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၁၄ ကြိမ်အထိ ပြုလုပ်ထား နိုင်ခဲ့သူလည်းဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ အမေရိကန်ဂိုးသမား မက်တာနာနဲ့ ဘရာဇီးတိုက်စစ်မှူး မာကွင်ဟိုတို့ကို စာချုပ်ချုပ်ဆိုခေါ်ယူခဲ့ပြီးဖြစ်တာကြောင့် ဖေဘီယိုဗီယဲရာဟာ ယခု အပြောင်းအရွှေ့အတွင်း အာဆင်နယ်အသင်းက ခေါ်ယူခဲ့တဲ့ တတိယမြောက်ကစားသမားလည်း ဖြစ်လာခဲ့ပြီဖြစ်ပါတယ်။

ငွေကြယ်