ပန်းတနော်တွင် မြစ်ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ပြောင်းရွေ့ခဲ့ရသော နေအိမ်များအား ထောက်ပံ့ငွေများ ပေးအပ်

ပန်းတနော်       ဇွန်       ၂၃

 

ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်၊ တောကျောင်းကျေးရွာအုပ်စု၊ အရှေ့မရင်းတုန်း ကျေးရွာတွင် ဇွန် ၂၁ ရက်၌ ဧရာဝတီမြစ်ရေ မြင့်တက်လာပြီး မြစ်ကမ်းပါးပြိုကျမှုကြောင့် ကြိုတင် ပြောင်းရွေ့ခဲ့ရသော အိမ်ခြောက်လုံးအတွက် ထောက်ပံ့ငွေများပေးအပ်ခြင်းကို ဇွန် ၂၂ ရက်ကအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းမ၌ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ကြိုတင်ပြောင်းရွေ့ခဲ့ရသော အရှေ့မရင်းတုန်းကျေးရွာရှိ အိမ်ခြောက်လုံး၊ အိမ်ထောင်စုခြောက်စု၊ လူဦးရေ ၂၂ ဦးတို့အတွက် အိမ်တစ်လုံးလျှင် ငွေကျပ် တစ်သိန်းနှုန်းဖြင့် ငွေကျပ် ၆၀၀၀၀၀ နှင့် ဆန်ရိက္ခာဖိုး တစ်ဦးလျှင် ၂၁၀၀ ကျပ်နှုန်းဖြင့် ၂၂ ဦးအတွက် စုစုပေါင်း ငွေကျပ် ၄၆၂၀၀ အား ပန်းတနော်မြို့နယ် ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးအောင်နှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ တာဝန်ရှိသူများက သက်ဆိုင်ရာ အိမ်ထောင်ဦးစီးများ လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ပြည့်ဖြိုးကျော်(ပြန်/ ဆက်)