ပဲခူး၌ လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အထူး) သင်တန်းဖွင့်လှစ်

ပဲခူး        ဇွန်        ၂၃

 

လယ်ယာသုံး စက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု (အထူး) တောင်သူသင်တန်းကို ဇွန် ၂၂ ရက် နံနက်ပိုင်းက ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့၊ စက်မှုလယ်ယာသင်တန်းကျောင်း၌ ပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ခဲ့သည်။

 

အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကား ပြောကြားပြီး စက်မှုလယ်ယာ သင်တန်းကျောင်း ကျောင်းအုပ်ကြီးက သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းတင်ပြကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က သင်တန်းသားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကားပြောကြားပြီး သင်တန်းတွင် လက်တွေ့သင်ကြားပေးမည့် လယ်ယာသုံး စက်ကိရိယာများအား လှည့်လည်ကြည့်ရှုသည်။

 

အဆိုပါ လယ်ယာသုံး စက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု (အထူး) တောင်သူသင်တန်းအား ရှစ်ပတ်ကြာ စာတွေ့လက်တွေ့ သင်ကြားသွားမည်ဖြစ်ပြီး သင်တန်းသို့ ကရင်ပြည်နယ်မှ နှစ်ဦး၊ ပဲခူး တိုင်းဒေသကြီးမှ ၁၂ ဦး၊ ရန်ကုန်တိုင်းဒေသကြီးမှ နှစ်ဦး၊ ဧရာဝတီတိုင်း ဒေသကြီးမှ ၃၈ ဦး စုစုပေါင်း တောင်သူလယ်သမား ၅၄ ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရှိရသည်။

 

တင်စိုး(ပဲခူး)