အီကွေဒေါသမ္မတ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရ

ကွီတို ဇွန် ၂၃

 

အီကွေဒေါသမ္မတ ဂွီလာမိုလာဆိုသည် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရကြောင်း အီကွေဒေါသမ္မတ၏ ဆက်သွယ်ရေးဆိုင်ရာ အထွေထွေအတွင်းရေးမှူးရုံးက ဇွန် ၂၂ ရက်တွင် ပြောကြားသည်။

 

သို့သော် အသက် ၆၆ နှစ်အရွယ် သမ္မတလာဆိုသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခံယူထားခြင်းကြောင့် ၎င်းတွင် ရောဂါလက္ခဏာမပြသဘဲ နိုင်ငံတော်နှင့် ငြိမ်းချမ်းရေးအတွက် ၎င်း၏လုပ်ငန်းဆောင်တာများကို နေအိမ်မှ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သမ္မရုံး၏ ဆက်သွယ်ရေးဆိုင်ရာ အထွေထွေအတွင်းရေးမှူးရုံးက ထပ်မံပြောကြားသည်။

 

အီကွေဒေါ ကျန်းမာရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ အီကွေဒေါနိုင်ငံအတွင်း အမျိုးသားကာကွယ်ဆေး ထိုးနှံမှုအစီအစဉ် စတင်ဆောင်ရွက်ခဲ့ချိန် ၂၀၂၁ ခုနှစ်ဇန်နဝါရီလမှစ၍  လက်ရှိအချိန်အထိ ပြည်သူ ၁၄ သန်းခန့်သည် ဒုတိယကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုခံယူခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 

လက်ရှိအချိန်အထိ အီကွေဒေါနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာပေါင်း ၉၀၀၀၀၀ နီးပါးရှိပြီး ယင်းတို့အနက် လူနာ ၃၅၀၀၀ ကျော်သည် ထိုရောဂါဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။ 

 

ကိုးကား - ဆင်ဟွာ
ဘာသာပြန် - ဂျေတီ