မော်လမြိုင် ဇွန် ၂၈
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ အစိုးရစက်မှုလက်မှုသိပ္ပံ (မော်လမြိုင်)၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘာသာရပ် မိတ်ဆက်ပွဲနှင့် ကျောင်းသား ကျောင်းသူများ တွေ့ဆုံပွဲကို ဇွန် ၂၇ ရက်က အဆိုပါကျောင်း ဘွဲ့နှင်းသဘင်ခန်းမတွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာကြီး ဒေါက်တာဖြိုးဝေလင်းက အမှာစကားပြောကြားပြီး သက်ဆိုင်ရာ ဘာသာရပ်များမှ ဌာနမှူးများ၊ ဆရာ ဆရာမများက မိတ်ဆက်စကားများ ပြောကြားကာ ကျောင်းအုပ် ဆရာကြီးနှင့် ဌာနမှူးများက ကျောင်းသား ကျောင်းသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်စကားများ ပြောကြားခဲ့ကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)