မြစ်ကြီးနားမြို့၌ တညင်းသီးဈေးဈေးကောင်း

မြစ်ကြီးနား ဇွန် ၂၉

 

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ တညင်းသီးဈေးကွက်မှာ ဇွန်လတတိယပတ်ခန့်မှ စတင်၍ ခူးဆွတ် ရောင်းချနေပြီး ပေါ်ဦးပေါ်ဖျားတွင် ဈေးကောင်းရောင်းချနေကြောင်း မြစ်ကြီးနားမြို့ မြို့မရပ်ကွက်ရှိ သီးနှံ အရောင်းဈေးကွက်မှ သိရသည်။

 

ယခုနှစ်အစပိုင်းတွင် တညင်းသီးဈေးကွက်မှာ တစ်လုံးလျှင် ငွေကျပ် ၅၀ ဝန်းကျင်ခန့် ရောင်းချရပြီး တညင်းသီး ရောင်းချသည့်ဆိုင် အများအပြား ရှိလာပြီဖြစ်၍ ယနေ့ပေါက်ဈေးအဖြစ် အကြီးတစ်လုံးလျှင် ၄၅ ကျပ်နှင့် အသေး ၄၀ ကျပ် ရောင်းချရကြောင်း၊ လတ်တလော နယ်ပို့ဝယ်လက် အများအပြား မရှိ‌‌သေးကြောင်း တညင်းသီး ရောင်းချသူများက ပြောပြသည်။

 

မြစ်ကြီးနားမြို့ တညင်းသီးဈေးကွက်တွင် ကျွဲတညင်း၊ စာကလေးတညင်း၊ စာလတ်တညင်း စသည်ဖြင့် မျိုးစုံထွက်ရှိပြီး ယခုနှစ် တညင်းသီး အပွင့်ပွင့်ကာလတွင် ရာသီဥတု ကောင်းမွန်ခဲ့ခြင်းကြောင့် အထွက်နှုန်း ကောင်းခြင်းဖြစ်ကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)