သာစည်နှင့် ကျိုင်းတုံမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ဇွန် ၃၀

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည်  ဇွန် ၂၉ ရက် ညနေ ၆ နာရီတွင်  သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာအုပ်စု၊ ကျွဲတပ်ဆုံကျေးရွာအနီး၊ တောင်ကြီး - မိတ္ထီလာသွား ကားလမ်းတွင် ဆန်းမျိုးအောင် မောင်းနှင်ပြီး ချမ်းငြိမ်းအောင် လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃,၈၀၀ ကိုလည်းကောင်း၊  ထိုနေ့ နံနက် ၈ နာရီ ၄၅ မိနစ်တွင် ကျိုင်းတုံမြို့နယ်၊ ပန်ကျူကျေးရွာအုပ်စု၊ နမ့်အွမ်ကျေးရွာအနီး၊ ကျိုင်းတုံ- တောင်ကြီးသွား ကားလမ်းတွင် ကျဂ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၀၀၀ ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူ ထားကြောင်း သိရသည်။

ရဲပြန်ကြား