ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး မုတ်သုံလျှပ်တစ်ပြက်ဖူဆယ် အားကစားပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားသို့ တက်ရောက်အားပေး

နေပြည်တော်၊ ဇွန် ၃၀

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မုတ်သုံလျှပ်တစ်ပြက် ဖူဆယ် (Futsal) အားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြည်ထောင်စုဝန်ကြီးရုံး ဖူဆယ် အားကစားရုံ၌ ကျင်းပရာ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ အမြဲတမ်း အတွင်းဝန် ဦးကျော်မင်းဦးနှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း အမှုထမ်းများ၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ အကဲဖြတ်ဒိုင်များအဖြစ် တာဝန်ယူဆောင်ရွက် ပေးခဲ့ကြသည့် အားကစားပညာရှင်များနှင့် ဦးစီးဌာနအလိုက် နိုင်ငံဝန်ထမ်း ဖူဆယ်အားကစားအသင်းများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက တံခွန်စိုက်ဆုရရှိသည့် Golden Land ဖူဆယ် အားကစားအသင်းကိုလည်းကောင်း၊ အကောင်းဆုံးဂိုးသမားဆု၊ အကောင်းဆုံး အားကစားသမားဆုနှင့် မုတ်သုံလျှပ်တစ်ပြက် ဖူဆယ်အားကစားပြိုင်ပွဲ ဒုတိယဆုများကို အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များကလည်းကောင်း ဂုဏ်ပြုဆုများ ပေးအပ်ကြရာ ဆုရအားကစား အသင်းများက လက်ခံရယူခဲ့ကြသည်။

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန မုတ်သုံလျှပ်တစ်ပြက် ဖူဆယ် အားကစား ပြိုင်ပွဲကို ဇွန် (၂၇) ရက် ညနေပိုင်း မှ (၃၀) ရက်အထိ (၄) ရက်ကြာ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း ဦးစီးဌာနများ၊ တက္ကသိုလ်များတွင် တာဝန်ထမ်းဆောင်နေကြသော နိုင်ငံ့ဝန်ထမ်းများက အသင်းအဖွဲ့အမည်များ အသီးသီးသတ်မှတ်၍ ပါဝင်ယှဉ်ပြိုင်ကြခြင်းဖြစ်ပြီး အားကစားနှင့် ကာယပညာဦးစီးဌာနမှ အားကစားပညာရှင်များက အကဲဖြတ်ဒိုင်များအဖြစ် တာဝန်ယူဆောင်ရွက်ပေးခဲ့ကြခြင်းဖြစ်ကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနရှိ နိုင်ငံဝန်ထမ်းများ၏ ကိုယ်လက်ကျန်းမာကြံ့ခိုင်ရေး နှင့် စိတ်အပန်းပြေပျော်ရွှင်စေရေးတို့အတွက် ဝန်ထမ်းတိုင်း မိမိတို့ ဝါသနာပါရာ အားကစားနည်းများဖြင့် ပါဝင်ယှဉ်ပြိုင်နိုင်ရေး၊ ဌာနအချင်းချင်းအကြား စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရေးအတွက် အားကစားနည်းများအလိုက် ပြိုင်ပွဲများဆက်လက် ကျင်းပ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်